【COP15】တရုတ်“အမေဇုန်”ဟု ချီးမြှင့်ခေါ်ဝေါ်သော တယ်ဟုန်ပြည်နယ်ခွဲသည်နွေဦးမြို့ ကူမင်းတွင် တောက်ပလျက်ရှိ

2021-09-30 18:51:19 |သတင်းအရင်းအမြစ် 德宏州委宣传部

“ဇီ၀မျိုးစုံမျိုးကွဲများဆိုင်ရာ ပဋိညာဥ် စာချုပ်” ၁၅ကြိမ်မြောက် စာချုပ်ချုပ်ဆိုသော နိုင်ငံများအစည်းအဝေး (COP15) အတွက် ယူနန်ပြည်နယ် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း ဦးစီးအဖွဲ့ရုံးမှ ဦးစီးပြီး တရုတ်ကွန်မြူနစ်ပါတီ တယ်ဟုန် ပြည်နယ်ခွဲပါတီကော်မတီနှင့် တယ်ဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့မှ တာဝန်ယူ၍ ကျင်းပသော “COP15 နွေဦးမြို့ကူမင်း၏ ဖိတ်‌ခေါ်ခြင်း” ဟူသော ယူနန်ပြည်နယ် ဇီ၀မျိုးစုံမျိုးကွဲများဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေး သတင်းစာရှင်းလင်းပွဲ ကို စက်တင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။



အဆိုပါသတင်းစာရှင်းလင်းပွဲတွင် “တရုတ်အမေဇုန်--တယ်ဟုန်ပြည်နယ်ခွဲ” မိတ်ဆက်ခြင်းဗီဒီယိုကို ပထမဆုံးတင်ဆက်ထုတ်လွှင့်ခဲ့ပါသည်။ ၎င်းမိတ်ဆက်ခြင်းဗီဒီယိုမှာ တရုတ်နိုင်ငံ၏ တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်အရင်းအမြစ် ပေါများကြွယ်၀ပြီး ဇီ၀မျိုးစုံမျိုးကွဲအပေါများဆုံးသော ဒေသတစ်ခုအနေနှင့် တယ်ဟုန်ပြည်နယ်ခွဲကဲ့သို့ တစ်မူထူးခြားသော ရာသီဥတုနှင့် ပထဝီအ‌နေအထားကြောင့် ပေါများသောသစ်တောနှင့် တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်အရင်းအမြစ်ကို မွေးထုတ်သည့်အတွက် တရုတ်နိုင်ငံ၏ “အမေဇုန်”၊ “ရုက္ခပင် ဘုရင့်နိုင်ငံ”၊ “မျိုးစိတ်ဗီဇဘဏ်”စသည်တို့အားဖြင့် ဂုဏ်ပြုခေါ်ဆိုကြပါသည်။


တယ်ဟုန်ပြည်နယ်ခွဲမှာ ရှေးဟောင်းသတ္တဝါများ ကျက်စားရာနေရာ ဖြစ်ပါသည်။ ကုန်းနေနှင့်ရေနေ ကျောရိုးရှိသတ္တဝါမျိုးစိတ် ၁၀၀၀‌ ကျော် အား မှတ်တမ်းတင်ထားရာ တရုတ်နိုင်ငံစုစုပေါင်းပမာဏ၏ ၁၂.၆၆% ပါ၀င်ကာ ကုန်းနေနှင့်ရေနေကျောရိုးရှိသတ္တဝါမျိုးစိတ် ၁၀ မျိုးတိုင်းတွင် တစ်မျိုးမှာ တယ်ဟုန်ပြည်နယ်ခွဲတွင် တွေ့ရှိနိုင်ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲသည် ငှက်မျိုးစိတ် ၇၁၆ မျိုးကို မှတ်တမ်းတင်ထားရာ တရုတ်နိုင်ငံငှက်မျိုးစိတ် စုစုပေါင်းပမာဏ၏ ၅၀ % ပါ၀င်ခဲ့ပါသည်။ ထို့ပြင်၊ တယ်ဟုန်ပြည်နယ်ခွဲသည် နိုင်ငံတော်အဆင့် ကာကွယ်ထိန်းသိမ်းရေးတိရစ္ဆာန် ၂၁၅ မျိုးရှိပါသည်။ အဆင့်မြင့်ရုက္ခပင် ၆၀၆၄ မျိုးလည်း တွေ့ရှိကာ တရုတ်နိုင်ငံစုစုပေါင်းပမာဏ၏ ၂၂.၃ % ပါ၀င်ခဲ့ပါသည်။ တရုတ်တွင် တွေ့ရှိသည့် အဆင့်မြင့်ရုက္ခပင် ၅မျိုးတိုင်းတွင် တစ်မျိုးမှာ တယ်ဟုန်တွင်သာ တွေ့နိုင်သည့်အတွက် တရုတ်သစ်တောအရင်းအမြစ်ရတနာ၏ ဗဟိုအချက်အချာနေရာဟု ချီးမြှင့်ခဲ့ကြပါသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိ COP15 ကျင်းပသော ကာလတွင် တယ်ဟုန်ပြည်နယ်ခွဲသည် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဆန်းတင့်ဝေဆာလှသော လှုပ်ရှားမှုများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။