ရာပေါင်းများစွာသော ယူနန် ရွှေမျောက်များ ပျော်ရွှင်စွာ ကစားနေကြသည်ကို အဆွေတို့ တွေ့ဖူးပါသလား

2021-10-11 12:06:18 |သတင်းအရင်းအမြစ် 新华网

မကြသေးမီက ယူနန်ပြည်နယ် လန်ဖိန်ခရိုင် ယူလင် ပြည်နယ်အဆင့် သဘာဝဘေးမဲ့တောမှ သစ်တောထိန်းသိမ်းရေးသမားများသည် လားဆာတောင်ဒေသတွင် ကင်းလှည့်ရာ ယူနန် ရွှေမျောက်အုပ်စု၏ ရွှေ့ပြောင်းသွားလာသော ဗီဒီယိုများကို ရိုက်ကူးခဲ့ကြောင်း သိရသည်။ သစ်တောထိန်းသိမ်းရေးသမားသည် တိုက်ရိုက်ရေတွက်သောနည်းဖြင့် အဆိုပါမျောက်အုပ်စုအားရေတွက်ရာ စုစုပေါင်း ၂၀၀ နီးပါးကို ရေတွက်နိုင်ခဲ့ပြီး မြင်ကွင်းသည် အံ့မခန်း ဖြစ်ပါသည်။


ယူနန်ပြည်နယ် လန်ဖိန်ခရိုင် ယူလင် ပြည်နယ်အဆင့် သဘာဝဘေးမဲ့တောသည် ယူနန်ပြည်နယ် နုကျန်း လီစုတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လန်ဖိန်ခရိုင်တွင် တည်ရှိသည်။ ၂၀၁၅ ခုနှစ်မှစ၍ သဘာဝဘေးမဲ့တော စီမံအုပ်ချုပ်ရေးဦးစီးဌာနသည် ယူနန် ရွှေမျောက်များ နေထိုင်ကျက်စားရာဒေသ၏ ဂေဟပတ်ဝန်းကျင်နှင့် စင်္ကြံပြုပြင်ရေး၊ သစ်တောစိုက်ပျိုးရေး စီမံကိန်းများကို လုပ်ဆောင်ပြီး ယူနန် ရွှေမျောက်များ၏ နေထိုင်ကျက်စားရာ ဧရိယာကို တိုးချဲ့ခဲ့ကြောင်း သိရပါသည်။


စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ခြင်းဖြင့် သဘာဝဘေးမဲ့တောရှိ ယူနန် ရွှေမျောက်များ၏ အရေအတွက်သည် ဆက်တိုက်တိုးနေပြီး ယခုအချိန်တွင် ရွှေမျောက်အရေအတွက် ၅၄၀ နီးပါးသို့ တိုးလာကြောင်း သိရပါသည်။ ယူနန် ရွှေမျောက်များ၏အရေအတွက် တိုးပွားလာခြင်းနှင့် နေထိုင်ကျက်စားရာအတိုင်းအတာ ဆက်လက်တိုးချဲ့လာခြင်းနှင့်အတူ ဗီဒီယိုထဲ၌ မျောက်အုပ်စု၏ ရွှေ့ပြောင်းသွားလာကြပုံကို တွေ့နိုင်သည်ဟု သဘာဝဘေးမဲ့တောမှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။