COP15 ကို လှိုက်လှဲစွာကြိုဆိုပြီး သဲပန်းချီဗီဒီယိုဖြင့် ဆွဲဆောင်မှုရှိသော ယူနန်ပြည်နယ်ကို ပြသ

2021-10-12 15:39:29 |သတင်းအရင်းအမြစ် 云南日报

COP15 ယူနန်ပြည်နယ် ကြိုတင်ပြင်ဆင်ရေး ကော်မတီ စေတနာ့ဝန်ထမ်းလုပ်ငန်းရုံးမှ ထုတ်လုပ်သော COP15 ဆောင်ပုဒ် သဲပန်းချီဗီဒီယိုကို အောက်တိုဘာလ ၁၀ရက်နေ့တွင် တရားဝင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါဗီဒီယိုသည် သဲပန်းချီကားများဖြင့် ရိုက်ကူးထားပြီး သဲပန်းချီ၏အထူးပုံဖော်မှုကို အသုံးပြု၍ ယူနန်ပြည်နယ်၏ လှပ၊ ကြွယ်ဝ၊ မှော်ဆန်သော သဘာဝရှုခင်း၊ တိုင်းရင်းသား ဓလေ့များနှင့် ကွဲပြားခြားနားသော မျိုးစိတ်များကို အပြည့်အဝ သရုပ်ဖော်ထားပါသည်။

သဲပန်းချီဗီဒီယိုသည် ကူမင်းမှ တျန့်ချီရေကန်ကြီး၊ အနောက်ဘက်တောင်တန်း၊ ဦးခေါင်းနီစင်ရော်များ၊ ယူနန်ရွှေမျောက်များ၊ ယီတိုင်းရင်းသား၏ မီးရှူးပွဲတော်၊ တာလီမြို့မှ နာမည်ကျော်စေတီသုံးဆူ၊ ယွမ်ယန်ခရိုင်မှ လှေကားထစ်စိုက်ခင်း၊ တိဗက်တိုင်းရင်းသားလူငယ်၊ အာရှဆင်များ၊ အစိမ်းရောင်ဥဒေါင်းများ အစရှိသော ယူနန်ပြည်နယ်ရှိ နာမည်ကျော်ရှုခင်းနေရာများ၊ တိုင်းရင်းသား ရိုးရာဓလေ့များနှင့် ရှားပါးမျိုးစိတ်များကို ဖော်ပြထားသည်။ လှပသောဖွဲ့စည်းပုံ၊ လတ်ဆတ်သော ပန်းချီနှင့် ချောမွေ့သော လက်ချောင်းများအားဖြင့် ယူနန်ပြည်နယ်မှ ကြီးကျယ်ခမ်းနားပြီး အန္တရာယ်ရှိသော ကုန်းပြင်မြင့်နှင်းထုများ၊ အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မြစ်ကြီးများ၊ စိတ်ကူးယဉ်မျိုးစုံရှိ သတ္တဝါများကို ထင်ဟပ်နေပါသည်။ နောက်ဆုံးတွင် ကူမင်းမြို့မှ တျန့်ချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၏ ပုံရိပ်ဖြင့် အဆုံးသတ်ထားပါသည်။ COP15 အစည်းအ‌‌ဝေး ကျင်းပခြင်းကို အာရုံစိုက်စေခြင်း၊ နွေဦးမြို့တော်၏ ဖိတ်ကြားချက်၊ လှပသော နွေဦးမြို့သည် ကမ္ဘာကြီးအား ပွင့်လင်းသော ပွေ့ဖက်မှုနှင့် နွေးထွေးစွာ ကြိုဆိုသော သဘောထားရှိခြင်းကို သရုပ်ဖော်ထားသည်။