ဒီချစ်စရာကလေးက အစွမ်းထက်လွန်းတယ်။ လမ်းမလျှောက်နိုင်ပေမယ့် နှင်းလျှောစီးနိုင်တယ်

2021-11-19 10:11:43 |သတင်းအရင်းအမြစ် 新华网

မကြာသေးမီက ဟော်ပေပြည်နယ် ကျန်းကြားခေါ်မြို့တွင် ၁၁ လသားအရွယ်ရှိ ချစ်စရာကလေး၏ နှင်းလျှောစီးသည့် ဗီဒီယိုတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။ နှင်းကွင်းတွင် ကလေး၏ ဟန်ချက်ထိန်းနိုင်စွမ်းသည် အလွန်အားကောင်းသည်။ “အရမ်းချစ်စရာကောင်းတယ်။ အနာဂတ် နှင်းလျှောစီးသခင် ဖြစ်လာမယ်”ဟု အင်တာနက်သုံးစွဲသူများသည် ပြောကြားသည်။

“သမီးလေးက အသက်တစ်နှစ်အောက်ပဲ ရှိသေးပြီး မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်သေးဘူး။ ကျွန်မက ခင်ပွန်းနဲ့အတူ နှင်းလျှောစီးသင်ယူနေတာကြောင့် ကလေးကို အတူကစားဖို့ ခေါ်သွားတယ်။ သမီးလေးက နှင်းလျှောစီးရတာ အရမ်းစိတ်လှုပ်ရှားမယ်ဆိုတာကို ကျွန်မ မထင်ထားဘူး။ သမီးက နှင်းလျှောစီးရာမှာ နပန်းလုံးခြင်း မဖြစ်ခဲ့ဘဲ ကောင်းကောင်းစီးနိုင်ခဲ့တယ်။ သမီးက ရေခဲနဲ့ နှင်းအားကစားကို နှစ်သက်တယ်ဆိုရင် သူမကို အပြည့်အဝ ထောက်ခံမှာပါ”ဟု အဆိုပါကလေး၏ မိခင် မစ္စဖန်က သတင်းထောက်များကို ပြောသည်။