ပင်ဂွင်းလေးသည် နှင်းမြင်ကွင်းကို မြင်ရသည်မှာ အလွန်ပျော်သည်

2021-11-22 18:26:16 |သတင်းအရင်းအမြစ် 新华网

မကြာသေးမီက အအေးလှိုင်းဒဏ်ကြောင့် ထျန်ကျင်မြို့ ပင်ဟိုင်ရပ်ကွက်သစ်၏ နေရာအများစုတွင် ဆီးနှင်းများ ထူထပ်စွာ ဖြစ်ပေါ်ခဲ့သည်။ ထျန်ကျင် ဟိုင်ချမ်းသမုဒ္ဒရာပန်းခြံမှ ချစ်စရာလေးများသည် အပြင်ဘက် ရေခဲနှင့် နှင်းကမ္ဘာကို ရောက်လာကြပြီး အားရပါးရ ကစားနေကြပါသည်။ ပင်ဂွင်းလေး ၆ ကောင်ရှိသည့်အပြင် အာတိတ်ဝံပုလွေလေး တစ်ကောင်လည်း ရှိပါသေးသည်။