တရုတ်-လာအို မီးရထား စမ်းသပ်ပြေးဆွဲခြင်းလိုက်ပါခဲ့သည့် သတင်းထောက်နှင့်အတူ မီးရထားခရီးစဉ်ကို ခံစားကြည့်ပါ

2021-11-29 15:57:02 |သတင်းအရင်းအမြစ် 云南日报

ယခုနှစ်ဒီဇင်ဘာလလဆန်းတွင် တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ပြေးဆွဲတော့မည်ဖြစ်ရာ Dingdong သည် သတင်းထောက်အနေဖြင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ၎င်းမီးရထားလမ်း၏ စမ်းသပ်ပြေးဆွဲခြင်းခရီးစဉ်တွင် လိုက်ပါခဲ့သည်။ အင်္ကျီထူထူဝတ်ရသော ကူမင်းမှ နေရောင်ခြည်နွေးထွေးသော စစ်ဆောင်ပန်းနားသို့ သွားသည့်လမ်းတစ်လျှောက်တွင် ရာသီဥတုပူလာသည်ကို ခံစားရသဖြင့် အနွေးထည် ချွတ်ထားခဲ့ရသည်။

တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက် ကူမင်းမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ နံနက်ပိုင်းထွက်ခွာလျှင် ညပိုင်းတွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။