တရုတ်နိုင်ငံနာမည်ကျော်ဗုဒ္ဓအနုပညာဗိမာန် ဒွန်ဟွမ် မောကောင်းဂူ

2021-12-30 14:00:47 |သတင်းအရင်းအမြစ် 新华网

 

ဒွန်ဟွမ် မောကောင်းဂူသည် (၃၅၁)-(၃၉၄)ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ဘုရားတစ်ထောင်ဂူဟုလူသိများသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကမ်းဆူးပြည်နယ် ဒွန်ဟွမ်မြို့တွင် တည်ရှိပြီး လက်ရှိ လိုဏ်ဂူပေါင်း(၇၃၅)ခု၊ နံရံဆေးရေးပန်းချီ(၄၅၀၀၀)စတုရန်းမီတာ၊ နှဲ့မြေဆေး ပန်းပု (၂၄၁၅)ခု ရှိပါသည်။ ကမ္ဘာ့ပေါ်တွင် အကြီးဆုံးနှင့် အနုပညာလက်ရာအများဆုံး ကျန်ရှိသော ဗုဒ္ဓအနုပညာဗိမာန်လည်း ဖြစ်ပါသည်။