ရှန်ဟိုင်းတိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်များအား နွေးထွေးစေရန် နည်းလမ်းမျိုးစုံဖြင့်ဆောင်ရွက်

2021-01-07 18:26:30 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ပြင်းထန်သောလေအေးစီးကြောင်း တိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင် အပူချိန် သိသိသာသာ လျော့ကျလာပါသည်။ ရှန်ဟိုင်းတိရစ္ဆာန်ဥယျာဥ်တွင် အပူငွေ့ပေးစက်၊ ကြမ်းခင်း အပူပေးခြင်း၊ မြက်စာကျွေးခြင်းနှင့် ပုဝါ အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် တိရစ္ဆာန်များအား နွေးထွေးစွာ ဆောင်းကူးနိုင်ရန် ကူညီထောက်ပံ့ပေးလျက်ရှိသည်။



ဘင်္ဂလားကျား(Bengal Tiger)တစ်ကောင်သည် မြက်ခင်းပေါ်တွင် အိပ်နေစဥ်။
 

 


သစ်ကုလားအုတ်တစ်ကောင်သည် အပူဓာတ်ပေးထားသည့်အခန်းတစ်ခန်းတွင် သစ်ရွက်စားနေစဥ်။

 



မွေးကင်းစတိရစ္ဆာန်များစောင့်ရှောက်ခန်းတွင် ချင်ပန်ဇီမျောက်ကလေးတစ်ကောင်သည် နွေးထွေးစေရန် ပုဝါခြုံထားပြီး ဆော့ကစားနေစဥ်။

 



မွေးကင်းစတိရစ္ဆာန်များစောင့်ရှောက်ခန်းတွင် ချင်ပန်ဇီမျောက်ကလေးတစ်ကောင်သည် နွေးထွေးစေရန် ပုဝါခြုံထားစဥ်။

 



ကြက်တူရွေးတစ်ကောင်သည် အပူငွေ့ပေးထားသည့်အခန်းတွင် အနားယူစဥ်။