ပေါရန်အင်းတွင် ထွက်ပေါ်လာသည့် တရုတ်မင်မင်းဆက်ခေတ်ရှေးဟောင်းတံတား

2021-01-22 18:47:34 |သတင်းအရင်းအမြစ် 中新网

ယခုရက်ပိုင်း ကျန်းရှီးပြည်နယ် ကျိုကျန်းမြို့ ဟူခိုခရိုင် စွမ်းကျုံးရွာ‌ရှိ ပေါရန်အင်းအောက်ရှိ အခုံးငါးခုံးပါကျောက်တုံးတံတားသည် ညနေဆည်းဆာနေရောင်အောက်တွင် ထွန်းလင်းတောက်ပ လျက် ရှိနေသည်။ ဆောင်းရာသီရောက်ရှိလာသည်နှင့်အတူ တရုတ်နိုင်ငံ၏ အကြီးဆုံးသော ရေချိုအင်းဖြစ်သည့် ပေါရန် အင်းသည်‌ရေခန်းခြောက်လေ့ရှိသည်။ ဆောင်းရာသီတွင် ပေါရန်အင်း သည် အလွန် ကျယ်ပြန့် သော ရွံ့မြေပြင်ဖြစ်လာပြီး ရှေးဟောင်းတံတားသည် နေရောင်အောက်တွင် ရှေးဟောင်းအနှစ်သာရကို ထပ်ဟပ်ဖော်ပြနေပါသည်။ ဤတံတားသည် မင်မင်းဆက်ခေတ်တွင် တည်ဆောက်ခဲ့ပြီး ရေတက်ချိန်တွင် ပေါရန်အင်းအောက်တွင် နစ်မြှုပ်နေသည်။ ရေခန်းခြောက် သည့်အချိန်ကာလမှသာ ပေါ်လာခြင်း ဖြစ်ပါသည်။ ဤတံတားကို ရှေးအခါက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့် လမ်းကြောင်းဖြစ်သည်။ ယနေ့တွင် ဆောင်းရာသီ၏ လှပသောရှုခင်းတစ်ရပ် ဖြစ်လာပါသည်။