စီချွန်နော်အော်ကိုင်တွင် ရာနှင့်ချီသော “အဖြူရောင်ငန်းများ”ဆောင်းခိုကြနေ

2021-01-29 15:22:21 |သတင်းအရင်းအမြစ် 中新社

ယခုရက်ပိုင်းတွင် သဘာဝတောရိုင်းအကြီးစားငန်းများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်ပြည်နယ် မိုက်စီရွာ၏ လော့ကျာချုံကောချောင်းတွင် ဆောင်းခိုရန် အုပ်စုလိုက်အသီးသီးပျံသန်းရောက်ရှိ လာကြသည်။ မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာမှ ဤနေရာသို့ ဆောင်းခိုရန်အတွက် ရောက်ရှိလာ ကြသော အကြီးစားငန်းများသည် လော့ကျာချုံကောချောင်းကို ဒဏ္ဍာရီဆန်ဆန် ဆေးရောင်စုံ ပန်းချီကား တစ်ချပ်အလား ဖန်တီးပေးလိုက်ပါသည်။ အကောင်ရေပေါင်း ရာနှင့်ချီရှိသော အကြီးစားငန်းများသည် ကျယ်ပြန့်သော အင်းအိုင်မျက်နှာပြင်ပေါ်တွင် လွတ်လပ်စွာ အစာရှာဖွေစားသောက် ဆော့ကစားနေကြပြီး အလွန်သာယာနေကြသည်။ ဆီးနှင်းရေခဲများနှင့် ဖုံးလွှမ်းနေသော စိမ့်မြေကုန်းမြင့်ကို သက်ဝင်ရှင်သန်မှုများ တိုးပွားသွားစေပြီး မြက်ခင်းလွင်ပြင်ဒေသရှိ ဆီးနှင်းရေခဲကမ္ဘာ၏ လှပသော ရှုခင်းသာတစ်ရပ် ဖြစ်လာစေ ပါတော့သည်။