အွန်လိုင်းမှတစ်ဆင့် တရုတ်စက္ကူညှပ်အနုပညာဖြင့် တရုတ်နှစ်ကူးကြိုဆို

2021-02-09 18:23:10 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ (၇)ရက်နေ့ တရုတ်နိုင်ငံဟောပေပြည်နယ် ရှင်ထိုင်မြို့ အမှတ်(၃)အလယ်တန်းနှင့် မူလတန်းကျောင်းမှ ကျောင်းသားများသည် အွန်လိုင်းမှတစ်ဆင့် မိမိတို့ပြုလုပ်ထားသော တရုတ် စက္ကူညှပ်လက်ရာများကို ပြသကြသည်။

ဟောပေပြည်နယ် ရှင်ထိုင်မြို့ အမှတ်(၃) အလယ်တန်းနှင့် မူလတန်းကျောင်းတွင် “အွန်လိုင်းတွင် တရုတ်စက္ကူညှပ်အနုပညာဖြင့် တရုတ်နှစ်ကူးကြိုဆို” လှုပ်ရှားမှုကျင်းပခဲ့သည်။ အွန်လိုင်း တိုက်ရိုက် တင်ဆက်ခြင်းနည်းပညာအသုံးချကာ ကျောင်းသူကျောင်းသားများအား တရုတ်စက္ကူညှပ်အနုပညာ၊ စက္ကူထွင်းအနုပညာများ သင်ကြားပို့ချခဲ့ပြီး ဆောင်းရာသီကျောင်းပိတ်ရက်အတွင်း တရုတ်ရိုးရာ ဓလေ့ထုံးစံများ လေ့လာကာ တရုတ်နှစ်ကူးဆင်နွှဲနိုင်ပြီဖြစ်သည်။