စာကလေးကဲ့သို့သော တောရိုင်းငှက်ကို တွေ့ဖူးသလား၊ ယူနန်ပြည်နယ် ရင်ကျန်းခရိုင်တွင် ၎င်းတို့အနက် ၁၂ ကောင်ကို တပြိုင်နက်တည်း မှတ်တမ်းတင်နိုင်ခဲ့

2021-02-20 18:32:49 |သတင်းအရင်းအမြစ် 春城晚报

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ဇီဝသဘာဝ ရိုက်ကူးရေးဓာတ်ပုံဆရာ ကျိန်ရှန်ဟိုသည် ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ “တရုတ် အောက်ချင်းငှက်ချိုင့်”တွင် Microhierax Caerulescens ၁၂ ကောင်ကို ဓာတ်ပုံတစ်ပုံတည်းတွင် ရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ရာ ၎င်းမှာ ဓာတ်ပုံမှတ်တမ်းတင်ခဲ့သည့် အချိန်မှစ၍ တရုတ်ပြည်တွင်းတွင် Microhierax caerulescens ငှက်အရေအတွက် အများဆုံးအချိန်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

“ကျွန်တော် Microhierax caerulescens ငှက်ကို အမြဲ ရိုက်နေတာပါ။ ငှက် ၁၂ ကောင် စုဝေးတာကို ပထမဆုံးအကြိမ် တွေ့ဖူးတာပါ။ ဒီမြင်ကွင်းမျိုးကိုတွေ့ဖို့ သတိမထားမိလုနီးပါး ဖြစ်ခဲ့တယ်။ ဒီငှက်ကလေးတွေကို မှတ်တမ်းတင်ရတဲ့အတွက် အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ Microhierax caerulescens ငှက်တွေက အတူတူ စုပြီး နွေဦးပွဲတော်ကို ဆင်နွှဲကြတာလို့ ကျွန်တော်ထင်ပါတယ်”ဟု ကျိန်ရှန်ဟိုက ပြုံးကာ ပြောပြပါသည်။

Microhierax caerulescens ငှက်သည် တရုတ်နိုင်ငံတွင် အလွန် ရှားပါးပြီး ကမ္ဘာတွင် အသေးငယ်ဆုံးသော တောရိုင်းငှက်တစ်မျိုးဖြစ်ပါသည်။ ၎င်း၏ ကိုယ်ခန္ဓာအရှည်မှာ ၁၅ စင်တီမီတာသာ ရှိပါသည်။ စာကလေးကဲ့သို့သော အမျိုးအစားဖြစ်ပြီး ကမ္ဘာ့ မျိုးသုဉ်းရန်အန္တရာယ်ရှိ မျိုးစိတ်တစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်လိုက်သည့် တရုတ်နိုင်ငံတော်အရေးပါကာကွယ်ရေး တောရိုင်း တိရစ္ဆာန်များစာရင်းတွင် ဒုတိယအဆင့် သတ်မှတ်ထားပါသည်။ ယင်းငှက်များသည် ယူနန်ပြည်နယ် ရင်ကျန်းခရိုင်တွင် အဓိက ကျက်စားနေထိုင်ကြပါသည်။