တရုတ်ပြက္ခဒိန် (၁)လပိုင်း(၁၅)ရက် တရုတ်မုန့်လုံးပွဲတော်ရောက်တော့မည်ဖြစ်ရာ ချင်းတောင်မြို့ ကျိမော့ ရပ်ကွက် ဟိန်တောင်ကျွန်းတစ်ဝိုက်မှ တံငါသည်များသည် တရုတ်မုန့်လုံးပွဲတော်ဆင်နွှဲရန် ပဲမုန့်ညက်ဖြင့် ပဲမုန့်ညက်ဖယောင်းမီးပြုလုပ်ပူဇော်သော ဓလေ့ရှိသည်။
“ပဲမုန့်ညက်ဖယောင်းမီး”ဆိုသည်မှာ ပဲမုန့်ညက်ဖြင့် ပုံဖော်ထားသော မုန့်စိမ်းပန်းပုဖြစ်ပြီး ထိုမုန့်စိမ်းပန်းပု ထိပ်ပိုင်းတွင် အခွက်လေးဖြစ်အောင် ပုံသွင်းကာ အတွင်း၌ မီးစာထည့်သည်။ ပဲဆီထည့်ပြီး တရုတ်ပြက္ခဒိန် (၁)လပိုင်း(၁၅)ရက်နေ့ တရုတ်မုန့်လုံးပွဲတော် ညပိုင်းအချိန်တွင် အိမ်အတွင်း၊ ခြံဝန်းအတွင်း၊ တံခါးမစသည့် နေရာမျိုးစုံတွင် နေရာချထားကာ ပဲမုန့်ညက်ဖယောင်းမီး ထွန်းညှိပူဇော်သည်။ အချို့ကို ကွယ်လွန်ပြီးဘိုးဘေး များကို ပူဇော်သည်။ ဤသို့ဆောင်ရွက်ခြင်းမှာ လူတို့၏ လွမ်းဆွတ်မေတ္တာကို ဖော်ပြခြင်းဖြစ်သည့်အပြင် ပိုမို ကောင်းမွန်သောဘဝမျှော်လင့်ချက်များလည်း ပါဝင်သည်။ နှစ်သစ်မှာ အရာရာ အဆင်ပြေချောမွေ့ပြီး သက်ရှည် ကျန်းမာရန် ဆုမွန်ကောင်းတောင်းခြင်းလည်းဖြစ်သည်။
ကျိမော့တွင် တရုတ်ပြက္ခဒိန် (၁)လပိုင်း(၁၅)ရက် တရုတ်မုန့်လုံးပွဲတော်တွင် ပဲမုန့်ညက်ဖယောင်းမီး ပြုလုပ် သောဓလေ့မှာ နှစ်ပေါင်း(၃၀၀)ကျော်ရှိပြီဖြစ်ပြီး ဒေသခံလယ်ယာယဉ်ကျေးမှုကို အခြေခံကျကျ ဖော်ပြနေသည်။ ယခုနှစ်ပိုင်းတွင် လူသားများ၏ နေ့စဉ်နေထိုင်မှုအရည်အသွေးမြှင့်တင်လာသည်နှင့်အမျှ ပဲမုန့်ညက်ဖယောင်းမီး ပုံစံလည်း ပိုမိုဆန်းပြားလာသည်။ ခေတ်ပြောင်းလဲလာသည်နှင့်အမျှ ပဲမုန့်ညက်ဖယောင်းမီးတိုင်းသည် ချင်းတောင်မြို့ ကျိမော့အကွက် ဟိန်တောင်ကျွန်းတစ်ဝိုက်၏ တမူထူးခြားသော တံငါသည်ယဉ်ကျေးမှုလည်း ဖြစ်လာပေသည်။ (သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)