ဆန်းပြားသော ရိုးရာဓလေ့များဖြင့် ယွမ်ရှောင်လပြည့်နေ့ကို ကြိုဆိုခြင်း

2021-02-24 17:11:34 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံရိုးရာပွဲတော်ဖြစ်သော ယွမ်ရှောင်လပြည့်နေ့အခါသမယ ရောက်ရှိလာတော့မည်ဖြစ်၍ ဆန်းပြားသော ရိုးရာဓလေ့ပွဲတော် အစီအစဉ်များကို ဒေသအသီးသီးတွင် ကျင်းပနေကြသည်။ အခါတော်ရက်မြတ်ကို ပျော်ရွှင်စွာကြိုဆိုနေကြပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan gateway)

ဖေ‌ဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဟူပေပြည်နယ် စီရမ့်မြို့ ယွမ်ရန်မြို့နယ် လျှိုပေ့ခရိုင် လုံရွမ်ကျေးရွာတွင် ရိုးရာအနုပညာရှင်များသည် “တံငါးသည်နှင့်မုတ်ကောင်မလေး” အကြောင်းကို ကပြတင်ဆက်ပေးနေသည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျမ်းဆူပြည်နယ် ချမ်ကျုံမြို့ ကျီရှက်အမှတ်(၂)ရွာ ရပ်ကွက်ကော်မတီ၏ ယဉ်ကျေးမှုနှင့် အားကစားအသင်းမှ နဂါးအက တင်ဆက်ကပြနေသည်။


ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျမ်းဆူပြည်နယ် ချမ်ကျုံမြို့ ကျီရှက်အမှတ်(၂)ရွာမှ ကလေးငယ်များသည် လေမှုတ်ချိုချဉ်အနုပညာကို ကြည့်ရူနေကြပါသည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အန်ဟွေပြည်နယ် ဟွမ်ပေမြို့ အမှတ်(၃)စမ်းသပ်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မီးအိမ်ပေါ်တွင်ဖော်ပြထားသော ပဟေဠိမေးခွန်းများကို ဖြေကြားနေကြပါသည်။

 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဆန်တုံပြည်နယ် ချင်တောင်မြို့ အနောက်ဘက်ပင်လယ်ကမ်းရိုးတန်းမြို့သစ် ကျူဆန်လမ်းမှ ကလေးငယ်များသည် ရပ်ကွက်အတွင်းရှိ ပါတီဝင်များဝန်ဆောင်မှုစခန်းတွင် လက်မှုမီးအိမ် လေးများ ပြုလုပ်နေကြပါသည်။