တယ်ဟုန်ပြည်နယ်ခွဲ၏ COP15 ပွဲတော် TikTok ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြစို့

2021-03-15 18:03:47 |သတင်းအရင်းအမြစ် 德宏州委宣传部

မြောက်လတ္တီတွဒ် ၂၃.၅ ဒီဂရီ၊ ကမ္ဘာ့ဝင်ရိုး၏ ရွှေအချိုးဖြစ်သကဲ့သို့ ဤနေရာတွင် ထူးခြားသော အရာဝတ္ထုများစွာ ပိုင်ဆိုင်ထားပါသည်။ ထိုသည်မှာ ကမ္ဘာ့ အကြီးဆုံးသော ဆာဟာရသဲကန္တာရ၊ အနက်ရှိုင်းဆုံးသော Mariana ပင်လယ်မြောင်းနက်၊ အမြင့်ဆုံးသော ကျူမူလန်မာတောင်ထိပ်နှင့် တရုတ်နိုင်ငံ“အမေဇုံ”ဟု ချီးမြှင့်ခေါ်ဝေါ်သော ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ စသည်နေရာများ ဖြစ်ပါသည်။

(菲氏叶猴 郑山河摄)

တယ်ဟုန်ပြည်နယ်ခွဲသည် သဘာဝပတ်ဝန်းကျင်နှင့် နေရောင်ခြည်ထိုးအရိပ်အနုပညာတို့ ပေါင်းစပ်နေသော ဒေသ ဖြစ်ပါသည်။ တရုတ်နိုင်ငံ ဇီဝမျိုးဗီဇဘဏ်ဖြစ်သကဲ့သို့ပင် အထူးသဖြင့်၊ တယ်ဟုန်ပြည်နယ်ခွဲမှ ပိုင်ဆိုင်သော ငှက်မျိုးစိတ် ၇၁၆ မျိုးတို့သည် တရုတ်နိုင်ငံရှိ ငှက်အမျိုးအစား အားလုံး၏ ထက်ဝက်ခန့် ပါဝင်ခဲ့ပါသည်။

“ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ပဋိညာဥ်စာချုပ်”၁၅ ကြိမ်မြောက်စာချုပ်ချုပ်ဆိုသော နိုင်ငံများ အစည်းအဝေး(COP15)ကို ယခုနှစ်တွင် ယူနန်ပြည်နယ်တွင် ကျင်းပတော့မည်ဖြစ်ပါသည်။ တရုတ်နိုင်ငံ ဇီဝမျိုးစုံအများဆုံးသော ဒေသများအနက် တစ်ခုဖြစ်သည့်အတွက်ကြောင့် တယ်ဟုန်ပြည်နယ်ခွဲသည် ပေကျင်း ငှက်ရှုစားဝါသနာသူများ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် (Beijing Birdfans International Co. Ltd.)၊ VCG တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သော “သက်ရှိသတ္တဝါနှင့်ရုက္ခပင်စသည့် အရာများအားလုံးတို့သည် တပြေးညီစွာ အတူတကွ ရှင်သန်လျက်ရှိခြင်း”အဓိကဆောင်ပုဒ်ဖြင့် TikTok ပြိုင်ပွဲ ကျင်းပရန် စီစဥ်ထားပါသည်။ သဘာဝလောကကြီးကို ချစ်မြတ်နိုးသူတိုင်းအတွက် ထူးခြားပြောင်မြောက်သော ဗီဒီယိုများကို ပြသတင်ဆက်နိုင်သော ထွန်းသစ်စပလက်ဖောင်းတစ်ခု ဖန်တီးပေးထားပါသည်။ ဗီဒီယိုနှင့် ဓာတ်ပုံများမှတစ်ဆင့် လူသားတို့သည် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း ကာကွယ်ရေး အတွေးအမြင်များကို နှိုးဆော်နိုင်မည်ဖြစ်ပါသည်။

(绯胸鹦鹉 郑山河摄)

ပါဝင်ယှဥ်ပြိုင်ရန် နည်းလမ်းများ။ ။
မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ TikTok တွင် “သက်ရှိသတ္တဝါနှင့်ရုက္ခပင်စသည့် အရာများအားလုံးတို့သည် တပြေးညီစွာ အတူတကွ ရှင်သန်လျက်ရှိခြင်း”အဓိကဆောင်ပုဒ်ဖြင့် အပြန်အလှန် ဖလှယ်ရေး အစီအစဉ်တွင် ပါဝင်ရန် “ရှုဖွယ်စုံလင်၊ တယ်ဟုန်ပြည်နယ်ခွဲတစ်ခွင်(美丽德宏)” TikTok အကောင့်နှင့် ချိတ်ဆက်နိုင်ပါသည်။ သင်ပေးပို့သော ဗီဒီယိုကို စစ်ဆေးပြီးနောက် အတည်ပြုပြီးသည်နှင့် ထုတ်လွှင့်လျှင် ယင်းပြိုင်ပွဲတွင် ပါဝင်ပြီဟု မှတ်ယူရပါမည်။

(冠斑犀鸟 斯塔凡摄(瑞典))

ချီးမြှင့်မည့်ဆုများ။ ။
ပထမဆု (၅ ဦး)။ ။ တန်ဖိုး တရုတ်ယွမ် တစ်ထောင်ရှိ တယ်ဟုန်ပြည်နယ်ခွဲ ရှုခင်းသာဇုန်လက်မှတ်များ + VCG စားပွဲတင်ပြက္ခဒိန်။
ဒုတိယဆု (၁၀ ဦး)။ ။“တယ်ဟုန်ပြည်နယ်ခွဲ AR ငှက်များပန်းချီကားမှတ်တမ်း”+ VCG စားပွဲတင်ပြက္ခဒိန်။
တတိယဆု(၃၀ ဦး)။ ။ “သဘာဝအလှတရားနှင့် ပြည့်လျှံသော တယ်ဟုန်ပြည်နယ်ခွဲ”ယဥ်ကျေးမှု လက်ဆောင်များ+ VCG စားပွဲတင်ပြက္ခဒိန်။
နှစ်သိမ့်ဆု(၅၀ ဦး)။ ။ Birdfans ဦးထုပ် + VCG စားပွဲတင်ပြက္ခဒိန်။
၎င်းပြိုင်ပွဲအပြီးတွင် TikTok ပြိုင်ပွဲ တရားဝင်အကောင့်“ရှုဖွယ်စုံလင်၊ တယ်ဟုန်ပြည်နယ်ခွဲတစ်ခွင်(美丽德宏)”မှ ဆုဆွတ်ခူးရရှိသူများကို သီးခြားဆက်သွယ်မည်ဖြစ်ပါသည်။ ဆုဆွတ်ခူးရရှိသူများသည် သတ်မှတ်ချိန်အတွင်း မိမိ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့ကာ ဆုလက်ဆောင်ပစ္စည်းများ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

瑞丽鹦鹉雨 郑彬摄

ပြိုင်ပွဲဝင်ဗီဒီယိုများ၏ စံညွှန်းသတ်မှတ်ချက်များ ။ ။

၁ ။ မိမိကိုယ်တိုင် ရိုက်ကူးသော ဗီဒီယိုများဖြစ်ရမည်။ တစ်ပါးသူနှင့် ဥပဒေအငြင်းပွားမှုရှိပါက ပါဝင်ယှဥ်ပြိုင်သူ၏ တာဝန်သာဖြစ်ပါသည်။
၂ ။ ဒေသအလိုက် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ဗီဒီယို အကြောင်းအရာ၊ စာသားနှင့် ရုပ်ပုံမြင်ကွင်း စသည်တို့ကို ရိုက်ကူးရမည်။ ၎င်းအကြောင်းအရာများသည် ယဥ်ကျေးသိမ်မွေ့ပြီး စိတ်အားထက်သန်မှုကို ပေးစွမ်းရပါမည်။ မယဥ်ကျေးသောအပြုအမူ အပါအဝင် ယှဥ်ပြိုင်မှုသတ်မှတ်ချက် မကိုက်ညီပါက ဦးစီးကျင်းပသူအနေဖြင့် ပါဝင်ယှဥ်ပြိုင်မှုကို ပယ်ဖျက်နိုင်ပါသည်။
၃ ။ စွန့်ဦးတီထွင်မှု ရှိရမည်။ စိတ်ဝင်စားဖွယ် ကောင်းပြီး ကွဲပြားခြားနားသော ပုံစံအမျိုးမျိုးအဖုံဖုံဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်သည်။
၄ ။ TikTok အကောင့်မှ ဗီဒီယိုများဖြင့် ၎င်းပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရာတွင် TikTok အကောင့်တစ်ခုသည် ဆုတစ်ခုသာ ခံစားရရှိနိုင်ပါသည်။ ထိပ်ဆုံးအဆင့်ခြောက်ခုတွင် တူညီသောအကောင့်ရှိပါက အဆင့်အလိုက် နောက်သို့ရွေ့ပါမည်။
၅ ။ ပါဝင်ယှဥ်ပြိုင်ပြီးသည်နှင့် ယှဥ်ပြိုင်သော ဗီဒီယိုများကို ဦးစီးကျင်းပသူမှ အများပြည်သူအသုံးပြုရန် တရားဝင် အသုံးပြုခွင့် ရှိပါသည်။
မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့တွင် “ဗီဒီယိုနှင့် ဓာတ်ပုံထဲက သဘာဝ တယ်ဟုန်ပြည်နယ်ခွဲ-- ရင်ကျန်းခရိုင် အရောက်လှမ်းချီ”ဟူသော ငှက်ရှုစားခြင်း တရုတ်ခရီးစဥ် ပရဟိတဟောပြောပွဲ၊ “အောက်ချင်းငှက်ချိုင့်ဝှမ်းတွင် အောက်ချင်းငှက်များအကြောင်း ဖော်ပြခြင်း”စသည့် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်များ ကျင်းပမည်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပမှ နာမည်ကျော်ကြားသော သဘာဝရိုက်ကူးရေး ဓာတ်ပုံဆရာများသည် Birdfans app၊ မိုဘိုင်းဖုန်းတစ်လုံးဖြင့် ယူနန်ပြည်နယ် လည်ပတ်ခြင်း app၊ TikTok၊ Kwaishou စသည့် ပလက်ဖောင်းများဖြင့် “အွန်လိုင်းတွင် အောက်ချင်းငှက် ရှုစားခြင်း”ပွဲတော်ကြီးတစ်ခုကို စာဖတ်ပရိသတ်များနှင့် အတူတကွ တက်ရောက်ကြမည် ဖြစ်ပါသည်။

(红腿小隼 孙晓宏摄)