လမ်းမနှစ်ဘက်ရှိ ပန်းများဝေဆာလှပနေသောကြောင့် ကျန်းကျောက်အမြန်ကားလမ်းသည် ပန်းခင်းလမ်းမကြီးကဲ့သို့ဖြစ်နေ

2021-03-17 16:26:51 |သတင်းအရင်းအမြစ် 云南网

နွေဦးရာသီဖြစ်သော မတ်လပိုင်းသည် မရေမတွက်နိုင်သော သက်ရှိများ ရှင်သန်ကြီးထွားသည့် ကာလဖြစ်သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချိုကျင့်မြို့ လုလျှန်ခရိုင် ကျောက်ခွားမြို့နယ်မှ လူထျိန့် ခရိုင် ကျန်းတီမြို့နယ်အထိ ချိတ်ဆက်ထားသည့် အမြန်ကားလမ်း (ကျန်းကျောက်အမြန်ကားလမ်း) ဘေးနှစ်ဖက်တွင် ဒေသခံလယ်သမားများ စိုက်ထားသည့် မုန်းညင်းဆီပန်းများ ဖူးပွင့်နေသည့်အပြင် လမ်းတည်ဆောက်ရေး ကုမ္ပဏီမှ စိုက်ထားသည့် ဆောင်းစံပယ်ပန်း၊ ချယ်ရီပန်း၊ photinia fraseri စသည့်ပန်းများသည် အလှကိုယ်စီဖြင့် အလှချင်းပြိုင်နေပါသည်။ ၎င်းအမြန်ကားလမ်းတွင် ကားမောင်း ပါက ပန်းပင်လယ်အတွင်း ပန်းခင်းလမ်းမကြီးတွင် သွားလာနေသကဲ့သို့ ခံစားမိစေပါသည်။ အမြန်ကား လမ်းနှင့် လမ်းတစ်လျှောက်ရှိ ယာယီယာဉ်ရပ်နားစခန်းတို့သည်လည်း လှပသော ရှုခင်းသာနေရာ ဖြစ်နေပါတော့သည်။


ယာယီယာဉ်ရပ်နားစခန်းတို့သည် ယူနန်လမ်းပန်းဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေး အုပ်စု ကုမ္ပဏီလီမိတက်မှ ယာယီယာဉ်ရပ်နားစခန်းများ၏ ဝန်ဆောင်မှုကို တိုးမြှင့်သည့် ကြိုးစားမှုတစ်ခု ဖြစ်ပါသည်။ ကျန်းကျောက်အမြန်ကားလမ်းတစ်လျှောက်ရှိ ကျင်းကြည်းယာယီယာဉ်ရပ်နားစခန်းသည် လော်ဖျင်ခရိုင်အတွင်း တရုတ်ဧက သောင်းနှင့်ချီသော မုန်ညင်းစိမ်းကို စိုက်ပျိုးထားပြီး ပန်းပွင့်ချိန်တွင် ပန်းချီကားထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပါတော့သည်။


(သတင်းအရင်းအမြစ်၊ Yunnan.cn ။ ဘာသာပြန်၊ Yunnan gateway)