ဖူကျယ်ဟေးဒေသရှိ ခစထက်အိုအေစစ် မှ အစိမ်းရောင်ကျောက်မျက်

2021-03-19 19:51:58 |သတင်းအရင်းအမြစ် 云南网

နွေဦးရာသီ မတ်လတွင် ယူနန်ပြည်နယ် ဝင်ရှမ်း ကျွမ့်၊ မြောင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြည်နယ်ခွဲ ချိုးပေခရိုင် ဖူကျယ်ဟေး အမျိုးသားစိမ့်မြေဥယျာဉ်တွင် တောင်တန်း၊ ရေပြင်၊ သစ်တော၊ လယ်ကွက်၊ မြစ်ရေ၊ မြက်ခင်းတို့ အားလုံးသည် တစ်သားတည်းဖြစ်နေသည်။ ကောင်းကင်ပြာ၊ စိမ့်လဲ့လဲ့ရေပြင်၊ ကျေးရွာငယ်တို့သည် လှပသောပန်းချီကားတစ်ချပ်ကဲ့သို့ နွေဦးအလှဖြာနေပါသည်။


ယူနန်ပြည်နယ်တွင် နှစ်သန်းပေါင်းများစွာ၏ မြေမျက်နှာသွင်ပြင်လှုပ်ရှားမှုများ ဖြစ်ပေါ်ပြီးနောက် တစ်ခုတည်းသော သဘာဝအလှတရားများစွာရှိသည့် ဖူကျယ်ဟေး ဟူ၍ ပေါ်ထွက်လာသည်။ ခစထက်၏ ပထဝီသွင်ပြင်အနေအထားပေါ်တွင် အိုအေစစ်ဂေဟစနစ်တစ်ခု ထွက်ပေါ်လာခြင်းသည် တောက်ပသော အစိမ်းရောင် ကျောက်မျက်ရတနာတစ်ခု ထွက်ပေါ်လာခြင်းနှင့် တူညီနေပေသည်။

ဖူကျယ်ဟေးသည် “ရေပေါ်လယ်ကွင်း၊ မြစ်ရေပြင်ပေါ်မှတောင်တန်း၊ ရီတိုင်းရင်းသားများ၏ ရေပေါ် ဇာတိ၊ ခစထက်စိမ့်မြေ၊ ကြာပန်းကမ္ဘာ၊ ရွေ့ပြောင်းငှက်များ၏နတ်ပြည်” ဟူ၍ အမည်(၆)မျိုးနှင့် ကျော်ကြားသည်။ ရှုခင်းအလှသည် ကမ္ဘာ့အဆင့်ရှိပြီး ဖူကျယ်ဟေး၏အလှကို လာရောက်ကြည့်ရှုရန် စောင့်မျှော်နေပါသည်။

(သတင်းအရင်းအမြစ်၊ yunnan.cn,ဘာသာပြန်၊ Yunnan gateway)