တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင်သို့ ပျံသန်းရောက်ရှိနေသော ငှက်တစ်ကောင်သည် တရုတ်နိုင်ငံတော် ပထမအဆင့်ကာကွယ်ရေး တိရစ္ဆာန်ဖြစ်

2021-04-08 18:16:23 |သတင်းအရင်းအမြစ် 掌上德宏

၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင် မွန်ယွီကျေးရွာအနီးရှိ ညောင်ပင်သစ်ရွက်သစ်ခက်ပေါ်တွင် လှပသော ငှက်နှစ်ကောင် နားနေသည်ကို တွေ့ရှိခဲ့ပါသည်။ ၎င်း၏ခန္ဓာကိုယ်သည် အမည်းရောင်အမွေးအတောင်များဖြင့် တောက်ပနေသည်။ အထူးသဖြင့် အလွန်ထူးခြားသည်မှာ ကြံ့ချိုကဲ့သို့သော ကြီးမားသည့် အဝါရောင်ပါးစပ်ကြီး ပါရှိသည်။ ဧပြီလ ၁ ရက်နေ့အထိ ၃ ရက်ကြာမျှ မွန်ယွီကျေးရွာအနီးရှိ ညောင်ပင်တွင် အစာရှာဖွေလျက် ရှိနေပါသည်။

ရှေးဦးစွာ စုံစမ်းလေ့လာပြီးနောက် မွန်ယွီကျေးရွာသို့ ရှောက်ရှိသောငှက်များသည် ထူးခြားပြီး ရှားပါးသော Oriental Pied Hornbill အောက်ချင်းငှက်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။ ယင်းငှက်သည် တရုတ်နိုင်ငံတော် ပထမအဆင့် ကာကွယ်ရေး တိရစ္ဆာန်ဖြစ်ပြီး များသောအားဖြင့် မြို့ပြများနှင့် ကွာဝေးသော သစ်တောကြီးတွင် နေထိုင်ကျက်စားလေ့ရှိပါသည်။

မွန်ယွီကျေးရွာသည် သဘာ၀ပတ်ဝန်းကျင်အားသာချက်များ သာလွန်ပြီး သဘာ၀အရင်းအမြစ် ပေါများကြွယ်၀လှပါသည်။ အပန်းဖြေရေးခရီးသွားလာရေး အကောင်းဆုံးရွေးချယ်ရာနေရာ ဖြစ်ပါသည်။ တွေ့ရှိရန်ခက်သော အောက်ချင်းငှက်များသည် မွန်ယွီကျေးရွာကို လာရောက်သည့်အတွက်ကြောင့် ၎င်းကျေးရွာ၏ သဘာ၀ပတ်ဝန်းကျင်မှာ အောက်ချင်းငှက်များ နေထိုင်ကျက်စားရန် အလွန် သင့်လျော်ကြောင်း ပြသနေပါသည်။