【COP 15】 ၆၁ နှစ်ကြာမြင့်ပြီးနောက် ယူနန်ပြည်နယ်ရင်ကျမ်းခရိုင်တွင် Whiskered Tern ငှက်ပြန်လည်ပျံသန်းလာခြင်း

2021-04-09 19:10:50 |သတင်းအရင်းအမြစ် 德宏团结报

“Whiskered Tern ငှက်ကလေးပါလား။ တယ်ဟုန်ပြည်နယ်ခွဲ ရင်ကျမ်းခရိုင်ဟာ အရမ်းကို အံ့သြဖို့ ကောင်းလိုက်တာ။” ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမှ ဝါရင့်ငှက်ရှုစားဝါသနာရှင် လျောင်ကျီခိုင်နှင့် ဓာတ်ပုံဆရာချန်ကျင်ထန်သည် ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျမ်းခရိုင်တွင် River Tern ငှက်များ ရိုက်ကူးသော ဓာတ်ပုံများတွင် ထူးခြားသောဝိသေသလက္ခဏာရှိသည့် Tern ငှက်တစ်ကောင်ကို တွေ့ရှိရပါသည်။ ထို့နောက်၊ ကျုံစန်တက္ကသိုလ် (Sun Yat-sen University) ငှက်များ သုတေသနပညာရှင် ပါမောက္ခလျူရန်အား မေးမြန်းပြီး Whiskered Tern ငှက်ဖြစ်သည်ဟု အတူတကွ အတည်ပြုလိုက်ကြပါသည်။ “တရုတ်နိုင်ငံမှာတော့ ဒီငှက်ကို နောက်ဆုံးတစ်ကြိမ်မှတ်တမ်းခဲ့တာက ၁၉၆၀ ပြည့်နှစ်ပါ။ မှတ်တမ်းတွေကို ၁၉၆၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့က ရင်ကျမ်းခရိုင်မှာ စုဆောင်းခဲ့တာပါ။ ပြီးနောက် ဒီငှက်ဟာ တရုတ်နိုင်ငံမှာ လုံး၀ ပျောက်ကွယ်သွားတယ်”ဟု ပါမောက္ခလျူရန်က ဆက်လက်ပြောပြပါသည်။


Whiskered Tern ငှက်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်စသည့်ဒေသတွင်သာ ပျံ့နှံ့နေထိုင်ပြီး ကမ္ဘာ့မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင် အလွန် ရှားပါးသော ငှက်မျိုးစိတ်လည်း ဖြစ်ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် Whiskered Tern ငှက် သည် တရုတ်နိုင်ငံ၏ ဒုတိယအဆင့် အမျိုးသားကာကွယ်ရေးတိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ တစ်ချိန်တည်းတွင် ရင်ကျမ်းမြစ်တစ်လျှောက်တွင် တရုတ်နိုင်ငံ၏ River Tern ငှက်များ ကြည့်ရှုပြီး မှတ်တမ်းတင်ရိုက်ကူးနိုင်သော တစ်ခုတည်းသောနေရာ ဖြစ်သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံတွင် River Tern ငှက် ၁၀ ကောင်သာ စုံစမ်းလေ့လာကြည့်ရှုနိုင်ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် River Tern ငှက်သည် တရုတ်နိုင်ငံအမျိုးသားပထမအဆင့် ကာကွယ်ရေး တိရစ္ဆာန်အဖြစ် သတ်မှတ်ခံခဲ့ရသည်။