【COP 15】ကမ္ဘာ့မြေနေ့တွင် အဆိုပါတိရစ္ဆာန်တို့သည် ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ၌ နေထိုင်ကျက်စားမှုကို ဖော်ပြ

2021-04-22 18:26:00 |သတင်းအရင်းအမြစ် 云南发布

ယနေ့သည် ကမ္ဘာ့မြေနေ့ ဖြစ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် သီးသန့် သတ်မှတ်ထားသော အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။ အများပြည်သူသည် လက်ရှိသဘာဝပတ်ဝန်းကျင် ပြဿနာများကို အလေးထား မြှင့်တင်ရန်နှင့် အများပြည်သူအား ပတ်ဝန်းကျင်ကာကွယ်ရေး လှုပ်ရှားမှုများတွင် ပါ၀င်ရန် တိုက်တွန်းပြီး အစိမ်းရောင် ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့နည်းသည့်ဘ၀ဖြင့် ကမ္ဘာမြေတစ်ခုလုံး ပတ်ဝန်းကျင် ကောင်မွန်အောင် အဆင့်မြှင့်တင်ပြောင်းလဲရန် ရည်ရွယ်ထားပါသည်။ ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် နေထိုင်သော တိရစ္ဆာန်များသည် စာဖတ်ပရိသတ်များအား ဇီ၀မျိုးစုံအလှတရားကို အတူလိုက်ပါရှုစားနိုင်ရန် ထိုဒေသ၏ သာယာလှပသော နေထိုင်ကျက်စားမှုပတ်ဝန်းကျင်ရှိ ချမ်းမြေ့သော ဘ၀ကို မျှဝေပေးမည် ဖြစ်ပါသည်။


Great Hornbill အောက်ချင်းငှက် ။ ။
လွန်ခဲ့တဲ့နှစ်က ကျွန်မ ငှက်ကလေးတွေကို ယူနန်ပြည်နယ် ထုံဖိကွမ် ပြည်နယ်အဆင့် သဘာ၀ပတ်ဝန်းကျင် ကာကွယ်ရေးဇုန်ရဲ့ မိုးသစ်တောမှာ မွေးဖွားခဲ့ပါတယ်။ ဒေသသဘာ၀ပတ်ဝန်းကျင်နဲ့ ဒေသခံရွာသူရွာသားတို့ရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်မကလေးတွေ ဒီမှာ ပျော်ပျော်ရွှင်ရွှင် ကြီးပင်းလာကြပါတယ်။ ကြည့်လိုက်စမ်းပါဦး ... ဒုတိယပုံက ကျွန်မ မိသားစုရဲ့ စုပေါင်းအမှတ်တရ ဓာတ်ပုံပါ။ အားကျနေပြီ မဟုတ်လား။


Whiskered Tern ငှက် ။ ။
တောတောင်ရေမြေဖြတ်ကျော်ပြီး တာ့ရင်ကျမ်း မြစ်ဝှမ်းဒေသကို ကျွန်တော် ပျံသန်းရောက်ရှိလာပါတယ်။ ကျွန်တော်တို့ကို လူတွေ မှတ်တမ်းတင် ရိုက်ကူးခဲ့တာဟာ လွန်ခဲ့တဲ့ ၆၁ နှစ်ကဖြစ်တယ်လို့ ကြားသိရပါတယ်။ အခု၊ ကျွန်တော်တို့ ဒီနေရာမှာ လွတ်လွတ်လပ်လပ် နေထိုင်ကျက်စားနိုင်ပါတယ်။ ပင်ပန်းနေရင် ကျူပင်မှာ အနားယူနိုင်ပါတယ်။ ဗိုက်ဆာရင် ရေထဲ အစာသွားရှာနိုင်ပါတယ်။ ဒီလို စဥ်းစားလိုက်တာနဲ့ကို အရမ်းပျော်နေပါပြီ။