လမ်းကလေးတွင် တည်ရှိသည့် ယဉ်ကျေးမှုအနုပညာနန်းတော်ဖြစ်သော တယ်ဟုန်လျန်ဟော်"ဆရာစာအုပ်ဆိုင်"

2021-04-28 18:07:10 |သတင်းအရင်းအမြစ် 春城晚报

ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လျန်ဟော်ခရိုင် ကျိန့်ရှင်လမ်းရှိ မထင်ရှားသော လမ်းကလေးနှစ်ဖက်စလုံးရှိ နံရံပေါ်၌ ရောင်စုံပန်းချီကားအမျိုးမျိုးကို ခြယ်သရေးဆွဲထားပါသည်။ မရင့်ကျက်သေး သော ကလေးသူငယ်ပုံများနှင့် တက်ကြွစွာ ရှင်သန်ကြီးထွားနေသော ရုက္ခပင်ပုံများပါဝင်သည်။ အထူးခြားဆုံးအရာမှာမူ တယ်လီဖုန်းတိုင်ကြီးတစ်ခုကို ကြီးမားသော 2B ခဲတံကြီး တစ်ချောင်းပုံအဖြစ် ရေးဆွဲထားပါသည်။ ပုံများတွင် စိတ္တဇနှင့်လက်တွေ့ကျမှု အားလုံးကို တွေ့မြင်ခံစားနိုင်ပါသည်။ အဆိုပါ ယဥ်ကျေးမှုအနှစ်သာရနှင့် ပြည့်လျှံသော လမ်းကလေး တွင် ၁၉၈၀ ပြည့်နှစ် အစောပိုင်း၌ တည်ဆောက်ထားသည့် အဆောက်အအုံ၏ အိမ်ရှေ့ တံခါးတွင် “ဆရာစာအုပ်ဆိုင်(先生书院)”ဟူသော တရုတ်စာလုံး ၄ လုံး ရေးသားထားသည့် သစ်သားဆိုင်းဘုတ်ကို တွေ့မြင်နိုင်ပါသည်။

ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်ရောက်သည့်အခါ စိမ်းလန်းစိုပြည်သော အရွက်များ သင်၏ မျက်ဝန်းအပြည့် တွေ့မြင်နိုင်ပါသည်။ အညွန့်တလူလူဖြင့် ရှင်သန်လျက်ရှိသော စပျစ်နွယ်ပင်သည်ခြံဝင်းထဲ၌ ပျော်ရွှင်စွာ ရစ်ပတ်ဆုပ်ကိုင်ဖုံလွှမ်းထားရာ လာရောက်သည့် ဧည့်သည်တိုင်းအား လန်းဆန်းမှုကို ခံစားစေနိုင်ပါသည်။ ၎င်းစာအုပ်ဆိုင်အနှံ့တွင် တီထွင်ဖန်တီးမှုဖြင့် ဒီဇိုင်း အထူး ရေးဆွဲထားပါသည်။ အားပါးတရ ခင်းကျင်းပြသထားသော ရှေးဟောင်းပစ္စည်းများမှာ ယခင်အချိန်ဟောင်းကို အလွယ်တကူ အမှတ်ရစေနိုင်သည်။

ကျွန်တော်တို့ စာအုပ်ဆိုင်မှာ စာကြည့်တိုက်၊ စာဖတ်ခန်းနှစ်ခန်း၊ သီးသန့် လွတ်လပ်သောရုပ်ရှင်ခန်းမ၊ ပန်းချီလက်တွေ့ရေးဆွဲခံစားမှုဇုန်၊ မီးဖိုချောင်နှင့် ဧည့်ခန်း နှစ်ခန်း ရှိကြောင်း ရုပ်ရှင်လျန်ဟော်“ဆရာစာအုပ်ဆိုင်(先生书院)”မှ စီမံအုပ်ချုပ်သူ ရင်ကျာလျင်က မိတ်ဆက်ပေးပါသည်။ ကလေးများအတွက် ရေရှည် အနုပညာ မွမ်းမံသင်တန်း၊ ဗဟုသုတ အသိပညာ တိုးမြှင့်ခြင်းနှင့် လက်မှုပညာ စသည်တို့ကို အခမဲ့ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားပါသည်။ ဤနေရာတွင် အခမဲ့ စာဖတ်ခန်းရှိသည့်အပြင် "Left-behind" Children(ရှင်းလင်းချက်- ပြင်ပသို့ ၃ လနှင့်အထက်ကြာရှည်စွာ ရွှေ့ပြောင်းလုပ်ကိုင်သည့် တောင်သူလယ်သမားသည် ၎င်းတို့၏ သားသမီးများအား ဇာတိတွင် အပ်နှံထားကြပါသည်။ ကျန်ခဲ့သည့် မိဘတစ်ဦးဦး(သို့) အခြားသော မိတ်ဆွေများ ၏ စောင့်ရှောက်မှုအောက်တွင် မသင်မနေရပညာရေးအား လက်ခံသင်ကြား ရသည့် ကလေးသူငယ်ကို ဆိုလိုပါသည်။)တို့၏ အနုပညာခြံဝင်း လည်းဖြစ်ပါသည်။ ကျောင်း ပိတ်ရက်များတွင် အနုပညာမွမ်းမံသင်တန်းများကျင်းပပြုလုပ်ပေးလေ့ရှိပါသည်။ အနုပညာ ရှင်နှင့် အဆိုပါ "Left-behind" Childrenတို့သည် သဘာဝပစ္စည်းများ ရှာဖွေကာ အနုပညာပစ္စည်းများကို အတူတကွ ပြုလုပ်ကြပါသည်။