ဝမ်ယောက်ရွာ (ပန်ကန်မီးဖိုကျေးရွာ) ၏ ”ဝမ်(ပန်ကန်)”အတွင်းမှာ ဘာရှိသလဲ

2021-05-25 18:22:28 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် ပါကစ္စတန်၊ ရုရှား၊ လာအို၊ ဗီယက်နမ်စသည့်နိုင်ငံမှ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းထောက်များသည် ယူနန်ပြည်နယ် ယွီရှီးမြို့ ဟွာနင်ခရိုင် ဝမ်ယောက်ကျေးရွာသို့ သွားရောက်ခဲ့သည်။


ဟွာနင်မြေထည်လုပ်ငန်းသည် နှစ်ပေါင်း(၆၀၀)ကျော်သမိုင်းရှိသည်။ အနုပညာလက်ရာမြောက်ပြီး ဒီဇိုင်းအမျိုးမျိုး ရှိသည်။ ဝမ်ယောက်ရွာသည် ဟွာနင်မြေထည် အစအဆုံးပြုလုပ်သောနေရာဖြစ်သည်။ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံတကာသတင်းထောက်များသည် ဝမ်ယောက်ရွာ တာလင်ကော်လုံယောက်တွင် ရှေးဟောင်းမီးဖို ယဉ်ကျေးမှုအကြောင်း လေ့လာခဲ့သည်။ ဟွာနင်မြေထည်လက်ရာပြတိုက်တွင် AR စသည့် နည်းပညာ သစ်များကြောင့် လေ့လာကြည့်ရှုသူများအတွက် အတွေ့အကြုံများစွာရရှိစေခဲ့သည်။ ရုရှားသတင်းထောက် ပါလျန်နာသည် အိုးထိန်းသည်၏ လမ်းညွှန်မှုအောက်တွင် မြေအိုးတစ်လုံး ပြုလုပ်ခဲ့သေးသည်။ “ဒါက ကျွန်မ အတွက် ပထမဆုံးအကြိမ် မြေအိုးလုပ်တာပါ။ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု သူမ ပြောခဲ့သည်။

ဝမ်ယောက်ကျေးရွာ၏ “ဝမ်(ပန်းကန်)”တွင် မြေထည်ယဉ်ကျေးမှု “ပါဝင်”သည့်အပြင် ရွာသားများ၏ ကောင်းမွန် သော လူနေမှုဘဝလည်း “ပါဝင်”သည်ကို တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းထောက်များက တွေ့မြင်ခဲ့ ကြသည်။

ဝမ်ယောက်ရွာမှ ထုတ်လုပ်သောပစ္စည်းများမှာ နေ့စဉ်သုံးမြေထည်၊ အနုပညာလက်ရာမြေထည်၊ ဆောက်လုပ် ရေးသုံးမြေထည် ဟူ၍ အမျိုးအစားအမျိုးမျိုးရှိသည်။ ယခုနှစ်ပိုင်းတွင် မြေထည်လုပ်ငန်း တဖြည်းဖြည်း ကျော်ကြားလာပြီး လုပ်ငန်းတိုးချဲ့နိုင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ဝမ်ယောက်ရွာအား 3A အဆင့် ခရီးသွား ရှုခင်းသာနှင့် ယူနန်ပြည်နယ် ခရီးသွားကျေးရွာအဖြစ် ကြေညာခဲ့ပြီးနောက် လာရောက်လည်ပတ်သော ခရီးသွားများ ပိုမိုများပြားလာခဲ့ပါသည်။

“လာအိုနိုင်ငံမှာလည်း မြေထည်ပြုလုပ်သူ များစွာရှိပါတယ်”ဟု လာအိုနိုင်ငံ ပါးထပ်သတင်းအေဂျင်စီမှ သတင်းထောက် ဖုံမုံနီဖေးဆာမောနာက လေ့လာကြည့်ရှုရင်းပြောသည်။ ဝမ်ယောက်ရွာအထက်ကျေးရွာ လူထုပါတီ ဒုအတွင်းရေးမှူး မောင်လေသည် ယခင်က စစ်ဆောင်ပန်းနားတွင် ပညာတော်သင်သွားခဲ့စဉ် လာအိုသူငယ်ချင်း များစွာရှိခဲ့သည်။ ထိုထူးဆန်သောရေစက်ကြောင့်လည်း ဖုံမုံနီဖေးဆာမောနာသည် မောင်လေနှင့် ဝမ်ယောက်ရွာ၏ပုံပြင်ကို ပိုပြီးစိတ်ဝင်စားခဲ့သည်။

“ကျွန်တော်က ဝမ်ယောက်ရွာသားစစ်စစ်ပါ။ ဘွဲ့ရပြီးနောက် စစ်ဆောင်းပန်းနားမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်ရွာကို ပြန်လာခဲ့တယ်။ ကျွန်တော့်မွေးရပ်မြေအတွက် တစ်ခုခုလုပ်ပေးချင်တဲ့အတွက် ကြောင့်ပါ” ဟု မောင်လေက ပြောသည်။ ၂၀၁၆ ခုနှစ်တွင် ဝမ်ယောက်ရွာသို့ ပြန်ရောက်ပြီးနောက် ရွာသားများကို ဦးဆောင်ကာ ကျေးရွာအသွင်အပြင်တိုးတက်စေရန် ပြုပြင်ပြောင်းလဲခဲ့သည်။ မြေထည်လက်မှုပညာအမွေအနှစ် ထိန်းသိမ်းပြီး မြေထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့သည်။ (၅)နှစ်တာကာလအတွင်း ရွာသားများ၏ လူနေမှုဘဝ ပိုမိုကောင်းမွန်လာခဲ့သည်။ မြေထည်လက်မှုပညာလည်း တိုးချဲ့လုပ်ကိုင်ရင်း ဆန်းသစ် သော တီထွင်မှုများ အဆက်မပြတ်ပြုလုပ်နေဆဲဖြစ်သည်။