တရုတ်နဂါးလှေပွဲတော်ရုံးပိတ်ရက်အတွင်း တရုတ်နိုင်ငံပြည်တွင်းခရီးသွားဦးရေ (၈၉.၁၃) သန်းကျော်ရှိ

2021-06-16 18:49:58 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန၏ အချက်အလက်စင်တာမှတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် တရုတ် နဂါးလှေပွဲတော် ရုံးပိတ်ရက်(၃)ရက်အတွင်း တရုတ်နိုင်ငံ ပြည်တွင်းခရီးသွားဦးရေမှာ (၈၉.၁၃၆)သန်း ရှိကြောင်း သိရသည်။

တရုတ်နဂါးပွဲတော်မှာ နှစ်စဉ် တရုတ်ပြက္ခဒိန်၏ (၅)လပိုင်း(၅)ရက်နေ့တွင် ကျင်းပပြီး တရုတ်နွေဦးပွဲတော်၊ ဘိုးဘွားပူဇော်ပွဲ၊ လမုန့်စားပွဲတို့နှင့်အတူ တရုတ်အထင်ကရရိုးရာပွဲတော်(၄)ခုအဖြစ် လူသိများသည်။ အစပိုင်းတွင် တရုတ်နဂါးပွဲတော်မှာ နဂါး၏ဘိုးဘေးများပူဇော်ရန်၊ ကောင်းချီးမင်္ဂလာဆုတောင်းရန်နှင့် နတ်ဆိုး များ တိုက်ထုတ်ရန်အတွက် ရှေးခေတ်ဘိုးဘေးများက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဒဏ္ဍာရီအရ ကျန့်ကော်ခေတ်(ဘီစီ ၄၇၅-ဘီစီ ၂၂၁ ခုနှစ်) ချူတိုင်းပြည်၏ မဟာမျိုးချစ်စိတ်ရှိသော ကဗျာဆရာ ချွီးယွမ်က (၅)လပိုင်း(၅) ရက်နေ့တွင် မီလောမြစ်အတွင်း ခုန်ချကာ အဆုံးစီရင်ခဲ့သည်။ ထိုနောက်ပိုင်းတွင် လူအများက တရုတ်နဂါးပွဲကို ချွီယွမ် အထိမ်းအမှတ် ပွဲတော်အဖြစ် သတ်မှတ်ခဲ့ကြသည်။

တရုတ်နဂါးလှေပွဲတော်တွင် လူအများက ကောက်ညှင်းထုပ်ခြင်း၊ နဂါးလှေလှော်ပြိုင်ခြင်း၊ ဒေါနပန်းချိတ်ခြင်း၊ ဆနွမ်းမုန့်တို့ခြင်း၊ အမွှေးထုပ်ဆင်ယင်ခြင်းများ ပြုလုပ်ကြသည်။ လူနေမှုအဆင့်အတန်းမြင့်လာသည်နှင့်အမျှ ယခုနှစ်ပိုင်းတွင် တရုတ်နဂါးလှေပွဲတော်ပိတ်ရက်တွင် လူအများသည် စုပေါင်းခရီးထွက်လေ့ရှိလာကြသည်။