“ဒဏ္ဍာရီတိရစ္ဆာန်”အုတ်ကြွပ်ပြားကြောင်အရုပ်သည် လူနေအိမ်မှ စာကြည့်ခန်းဆီသို့

2021-06-30 18:47:18 |သတင်းအရင်းအမြစ် 新华网

ရှေးယခင်က ယူနန်ပြည်နယ် ကူမင်း၊ တာ့လီစသည့်မြို့များ၏ နေအိမ်အများစု၌ ခေါင်းမိုးပေါ် တည့်တည့်၊ နဖူးစည်း (သို့မဟုတ်) တံခါးပေါ်တည့်တည့်တွင် များသောအားဖြင့် အုတ်ကြွပ်ပြား ကြောင်အရုပ် တင်ထားလေ့ရှိသည်။ အုတ်ကြွပ်ပြားကြောင်အရုပ်သည် မြေထည်နှင့်ပြုလုပ်ထားပြီး ပါးစပ်အကြီးကြီးဟထားသောကြောင် ပုံသဏ္ဌာန်ရှိသည်။ ဒေသခံတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာ အရ အုတ်ကြွပ်ကြောင်အရုပ်သည် မကောင်းဆိုးဝါးများကို ဖယ်ရှားပေးကာ ကောင်းချီးမင်္ဂလာခေါ် ဆောင်ပေးနိုင်သော အိမ်ခြံစောင့်ရှောက်ပေးသည့် “ဒဏ္ဍာရီတိရစ္ဆာန်”ဖြစ်သည်။

ယခုနှစ်ပိုင်းတွင် ကွန်ကရစ်အဆောက်အဦးများက ရှေးရိုးရာအဆောက်အဦးများကို နေရာယူသွား သည့်အတွက် အုတ်ကြွပ်ပြားကြောင်အရုပ်မှာလည်း ခေါင်းမိုးပေါ်မှဆင်းကာ သူ၏ရိုးရာအယူအဆ ရှိသော အိမ်စောင့်နတ်နေရာမှ ပျောက်ကွယ်သွားလေတော့သည်။

လက်မှုပညာရှင်များက အုတ်ကြွပ်ကြောင်အရုပ် လုံးဝပျောက်ကွယ်မသွားအောင် အုတ်ကြွပ်ပြား ကြောင်အရုပ်၏ ကိုယ်ထည်ကို သေးငယ်အောင်ပြုလုပ်ကာ စားပွဲပေါ်၊ စာကြည့်စားပွဲပေါ်မှ အလှဆင်ပစ္စည်းငယ်အဖြစ် နေရာချပေး လိုက်ပါတော့သည်။