အရိပ်ပြဇာတ် ။ ။ မီးအရိပ်ထဲက အနုပညာ

2021-07-20 19:55:16 |သတင်းအရင်းအမြစ် 新华网

အရိပ်ပြဇာတ်သည် တရုတ်နိုင်ငံ၌ နှစ်(၂၀၀၀)ကျော်သမိုင်းရှိပြီဖြစ်သည်။ တိရစ္ဆာန်သားရေ သို့မဟုတ် စက္ကူကတ်ထူဖြင့် ပြုလုပ်ထားသော ဇာတ်ကောင်များ၏အရိပ်ကို ပုံပြင်များအဖြစ် ပြသပေးသည့် ရိုးရာပြဇာတ် ဖြစ်ပါသည်။ ပြသသည့်အခါ အနုပညာရှင်များသည် ပိတ်ကားအဖြူနောက်ကွယ်တွင် အရိပ်ဇာတ်ကောင်များကို ကြိုးကိုင်ရင်း ဒေသခေတ်ပေါ်တေးဂီတများဖြင့် ပုံပြင်များကိုပြောပြကြသည်။ ထို့အတူ တူရိယာများကို တီးခတ်သီဆိုကြပါသည်။

စန်းရှီးပြည်နယ် ရှောက်ရီမြို့တွင် စက္ကူကြမ်းဖြင့် နောက်ခံအသုံးပြုလေ့ရှိကြပြီး အရိပ်ရုပ်သေးဇာတ်ကောင်များကို နွားသား‌ရေဖြင့်ပုံသွင်းသည်။ “နွားသားရေဖြင့်ပြုလုပ်သော အရိပ်ရုပ်သေးဇာတ်ကောင်သည် လိုင်းများကြမ်း တမ်းပြီး အသုံးခံသောကြောင့် မပျက်စီးလွယ်ပါ။” (၈၀)ခုနှစ်နောက်ပိုင်းဖွား ကော်ဝေဝေသည် ရှောက်ရီမြို့ ရိုးရာအနုပညာ သုတေသနအကယ်ဒမီ အရိပ်ပြဇာတ်ဆန်းသစ်အလုပ်ရုံးခန်းမှ ပန်းပုအနုပညာရှင်၊ ရှောက်ရီ အရိပ်ပြဇာတ် ဆက်ခံသူတစ်ဦးဖြစ်သည်။