အဆင်းလှသော ပန်းတိမ်အနုပညာလက်ရာအမွေအနှစ်

2021-07-20 19:56:31 |သတင်းအရင်းအမြစ် 新华网

ပန်းတိမ်လက်ရာသည် နန်းတော်ရိုးရာအနုပညာ ဖြစ်သည်။ အဓိကရွှေ၊ ငွေ၊ ကြေးများဖြင့် ကုန်ကြမ်းသုံးပြီး ဓာတု စက်မှုလုပ်ငန်း၊ ကြိုးအမျှင်ဆွဲခြင်း၊ ဂဟေဆက်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရသည်။ ရှေးအခါက နန်းတွင်းမိဖုရားများ ခေါင်းပေါ်တွင်ပန်လေ့ရှိသော ရွှေသရဖူနှင့် ဆံပင်အလှဆင်ပစ္စည်းများသည် အဆိုပါပန်းတိမ်အနုပညာလက်ရာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြသည်။

လက်မှုပညာရှင်လီချန်းရွှင်သည် ယခုအသက်(၇၂)နှစ်ရှိပြီဖြစ်သည်။ အသက်(၂၂)ကစပြီး ပန်းတိမ်လုပ်ငန်းကို (၅၅) နှစ်လုပ်ကိုင်ခဲ့သည်။ သူသည် ချုံချင့်မြို့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ယူဂိုဏ်းပန်းတိမ် ရိုးရာလက်မူအနုပညာ ၏ဆက်ခံသူဖြစ်သည်။ ချုံချင့်တွင် ပန်းတိမ်ထုတ်လုပ်မှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေသူများအနက် တစ်ဦးဖြစ်သည်။