နွားခြံကို ကော်ဖီဆိုင်အဖြစ်သို့ပြောင်းလဲ

2021-08-03 16:07:44 |သတင်းအရင်းအမြစ် 新华网

ဂီတာတီးသီဆိုနေသော ဒေသခံအဆိုတော်၊ ကော်ဖီ သို့မဟုတ် ဘီယာကို အေးအေးဆေးဆေး သောက်နေသော ခရီးသည်များ၊ သင်းပျံ့သောရနံ့ရှိသည့် လက်ဖျော်ကော်ဖီ ...... ထိုအရာများသည် ယူနန်နယ်စပ်တောင်တန်းများရှိ လင်ချန်းမြို့ စွမ်းကျန်းခရိုင် ကျင်ခေါင်ရွာ၌ အသစ်ဖွင့်လှစ်ထားသော “နွားခြံကော်ဖီဆိုင်” ဖြစ်ပါသည်။

ကော်ဖီဆိုင်သည် ယခင်က နွားခြံ ဖြစ်ပါသည်။ “အခုလူတွေက စပါးမစိုက်တော့ဘူး။ နွားမွေး တာလည်း နည်းသွားပြီ။ နွားခြံအလွတ်တွေများလာတယ်။ အဲဒီတော့ ကျွန်တော်က ရွာထဲက နွားခြံတွေကို ကော်ဖီဆိုင် ပြောင်းလုပ်လိုက်တာ”ဟု ကော်ဖီဆိုင်ပိုင်ရှင် အိုက်မောင်က ပြောသည်။

ယခင်နှစ် အောက်တိုဘာလ(၂၅)ရက်နေ့တွင် နွားခြံကော်ဖီဆိုင် ဖွင့်လှစ်ခဲ့ပြီးနောက် လင်ချန်း၏ အွန်လိုင်းကျော်ကြားသော ဆိုင်တစ်ဆိုင် ဖြစ်ခဲ့သည်။ ရုံးပိတ်ရက်များတွင် ဆိုင်၌ ဧည့်သည်ရာချီ ဧည့်ခံရကြောင်း အိုက်မောင်က ပြောသည်။