【COP15】တရုတ်အကြီးဆုံး Phayre's langur မျောက်အုပ်စု တယ်ဟုန်ပြည်နယ်ခွဲ ရှိသည်၊ မြန်မာနိုင်ငံ၏ Phayre's langur မျောက်မည်သည့်နေရာတွင် ကျက်စားနေထိုင်သနည်း

2021-09-16 18:18:13 |သတင်းအရင်းအမြစ် 德宏州委宣传部

Phayre's langur မျောက်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ပိုင်းဒေသတွင် ကျက်စားနေထိုင်ကာ မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများတွင်လည်း တွေ့မြင်နိုင်ပါသည်။ ယင်းမျောက်သည် ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ ရွှေလီ-မူဆယ် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ၏ ကျက်သရေသင်္ကေတ ဖြစ်ပါသည်။


တရုတ်နိုင်ငံမှ သဘာဝဂေဟဓာတ်ပုံဆရာ ကျိန်စန်ဟော်သည် ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက Phayre's langur မျောက် အကောင် ၃၀၀ ကျော်အား တွေ့ရှိခဲ့ပါသည်။ ထိုနှစ် မေလတွင် တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာအကယ်ဒမီ ကူမင်းတိရစ္ဆာန်နှင့်ရုက္ခပင်သုတေသနဌာနမှ မန်စီ Phayre's langur မျောက် ကျက်စားရာနေရာအား သိပ္ပံနည်းကျ စုံစမ်းလေ့လာရေးအစီရင်ခံစာအရ ဤဒေသတွင် ကျက်စားသော Phayre's langur မျောက် အုပ်စု ၅ စုရှိပြီး စုစုပေါင်း ၃၂၀ ကောင်ရှိကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းတွင် အကြီးဆုံး Phayre's langur မျောက်အုပ်စု တွေ့ရှိခဲ့သော တစ်ခုတည်းသောဒေသ ဖြစ်ကြောင်း သိရပါသည်။


“မြန်မာနိုင်ငံ၌ Phayre's langur မျောက်များ မည်သည့်နေရာတွင် ကျက်စားနေထိုင်သနည်း။” ယခုရက်ပိုင်းတွင် Phayre's langur မျောက် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းတွင် နစ်မျောနေသော တယ်ဟုန်ပြည်နယ်ခွဲ သဘာဝဂေဟဓာတ်ပုံဆရာက မေးမြန်းလာပါသည်။ စာဖတ်ပရိသတ်များ သိရှိပါက ဖြေကြားပေးရန် တောင်းဆိုလိုက်ပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံ Phayre's langur မျောက် ထိန်းသိမ်းကာကွယ်ရေးအတွက် အတူဆွေးနွေးရန် ဖိတ်ခေါ်လိုက်ပါသည်။