ချိုရှုံပြည်နယ်ခွဲ ဝူတင့်ခရိုင်သည် ကျေးလက်ရှုခင်းလှပ၊ ခရီးသွားများရေပန်းစားသည့် နေရာဖြစ်လာ

2021-09-23 19:09:40 |သတင်းအရင်းအမြစ် 云南日报

တရုတ်နိုင်ငံ၏ အမျိုးသားနေ့အားလပ်ရက်သည် နီးကပ်လာသည်နှင့် ယူနန်ပြည်နယ် ချိုရှုံ ယီတိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ ရှင်းဆွင်ဟူနှင့် ရွှေချိန်ဟောကဲ့သို့ သော ရှုခင်းနေရာများသည် ခရီးသွားများအတွက် ကျေးလက်ဒေသသို့ ပထမဆုံးရွေးချယ်မှု ဖြစ်လာသည်။ ရှင်းဆွင်ဟူသည် ချိုရှုံပြည်နယ်ခွဲ ဝူတင့်ခရိုင်တွင် တည်ရှိ၍ မျက်နှာပြင် ၁၁၇ ဟက်တာရှိကာ ကြီးမားသောမှန်ကြီးတစ်ချပ်ကဲ့သို့ ဖြစ်သည်။ အဆိုပါရေကန်၌ လှေနှင့် ငါးဖမ်းရန်သွားနိုင်ပြီး ရေကန်အနီးရှိ ကွက်လပ်၌ စခန်းချရန် ရွက်ဖျင်တဲများ ထားနိုင်သည်။ ရေကန်တစ်လျှောက်ရှိ ပတ်ဝန်းကျင်ဒေသများတွင် ယီတိုင်းရင်းသားလူမျိုး အများစု နေထိုင်ကြပြီး ဓလေ့ထုံးစံများနှင့် ပြည့်နှက်နေကာ ရိုးရာတေးဂီတနှင့်အတူ သီချင်းသီဆို ကခုန်ခြင်းဖြင့် ဤနေရာသည် တိုင်းရင်းသားဓလေ့ထုံးတမ်းများကို ခံစားသည့် နေရာ ကောင်းတစ်ခုဖြစ်လာသည်။