2021-09-30 18:16:27 |သတင်းအရင်းအမြစ် 新华网
ယူနန်ပြည်နယ် ဟုံဟော် ယီ၊ ဟာနီတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျိန့်ရွှေခရိုင်သည် ခရမ်းရောင်မြေအိုးကြောင့် နိုင်ငံတစ်ဝှမ်း၌ ကျော်ကြားသည်။ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ကျိန့်ရွှေ ခရမ်းရောင်မြေအိုး ကျွမ်းကျင်မှုလုပ်ငန်း၊ ယူနန်ပြည်နယ်ကိုယ်စားပြု အမွေဆက်ခံသူ ထင်ကျင့် သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အပေါ် မိမိကိုယ်ပိုင် အမြင်ကို ယခုကဲ့သို့ ပြောကြားသည်။ “ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆက်ခံမှုသည် စက်မှုလုပ်ငန်းတိုးတက်မှုကိုသာမက ဒေသတစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အား တစ်ခုဖြစ်သည်။" ဤအမြင်ကို အခြေခံ၍ ၂၀၁၈ ခုနှစ်တွင် ထင်ကျင့် သည် ကျိန့်ရွှေခရိုင်တွင် ထင်ကျင့် ခရမ်းရောင်မြေအိုး ကျွမ်းကျင်မှု အမွေလက်ဆင့်ကမ်းသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး အများပြည်သူ သက်သာချောင်ချိရေးလုပ်ငန်းဖြင့် အမွေဆက်ခံမှုမြှင့်တင်ကာ အများပြည်သူ သက်သာချောင်ချိရေးနည်းလမ်းများဖြင့် ပိုများသောလူငယ်များ အထူးသဖြင့် ကျေးလက် အမျိုးသမီးများအတွက် ခရမ်းရောင် မြေအိုးကျွမ်းကျင်မှုကို လက်ဆင့်ကမ်း သင်ကြားပေး ခဲ့သည်။
၂၀၂၀ နှစ်ကုန်ပိုင်းအထိ အဆိုပါသင်တန်းတွင် သင်တန်းသား စုစုပေါင်း ၂၀၀ ကျော်ကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီး သင်တန်းသား ၄၄ ဦးသည် ခရမ်းရောင်မြေအိုးကျွမ်းကျင်မှု အဆင့်စာမေးပွဲကို ပါဝင်ဖြေဆို အောင်မြင်ခဲ့ကြောင်း၊ သင်တန်းသား ၁၈ ဦးသည် အကြီးတန်း ဝန်ထမ်းအရည်အချင်း၊ သင်တန်းသား ၂၆ ဦးသည် အလယ်အလတ်အရည်အချင်းများကို ရရှိခဲ့ကြောင်း သိရပါသည်။ ထို့အပြင် အဆိုပါသင်တန်းသည် ခရမ်းရောင်မြေအိုးပြုလုပ်ခြင်း၊ ပန်းထွင်းခြင်း၊ အရောင်တင်ခြင်း စသည်တို့ကို သင်တန်းပေးပြီး နှစ်စဥ် အမျိုးသမီး ၅၀ ကျော်အတွက် အိမ်တွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်ရန် ကူညီပေးခြင်းဖြင့် လက်ရှိတွင် အကျိုးအမြတ်ရရှိနေသော ကျေးလက် အမျိုးသမီး ၅၀၀ ကျော် ရှိကြောင်း သိရပါသည်။