ယွီရှီမြို့သည် ယူနန်ပြည်နယ်တွင် တည်ရှိပြီး လှပသောရှုခင်းများနှင့် ယဥ်ကျေးမှု ကြွယ်ဝသော မြို့ပြဖြစ်ပါသည်။ ယွီရှီမြို့သည် မြို့တစ်မြို့၊ ဒေသ နှစ်ခု၊ ခရိုင် ခြောက်ခုကို အုပ်ချုပ်ပြီး လူဦးရေ ၂.၃၈ သန်းရှိကာ ပြည်နယ်မြို့တော် ကူမင်းမြို့နှင့် ကီလိုမီတာ ၆၀ ကွာဝေးကြောင်း သိရပါသည်။ ယွီရှီမြို့သည် တစ်နှစ်ပတ်လုံး ရာသီဥတုသာယာပြီး ရာသီတိုင်း ပန်းများပွင့်ကာ ကောင်းမွန်သော ပတ်ဝန်းကျင်ကြောင့် တရုတ်နိုင်ငံအမျိုးသားဥယျာဉ်မြို့တော်၊ အမျိုးသားကျန်းမာရေးမြို့တော်နှင့် တရုတ်နိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံးမြို့တော် အဖြစ် သတ်မှတ်ခံရကြောင်း သိရပါသည်။
ယွီရှီမြို့တွင် လှပသော ရေပြင် ရှိသည်။ တစ်နိုင်ငံလုံး၌ နာမည်ကျော်ကြားသော အင်းအိုင်သည် ဖူရှိန်အိုင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုန်းတွင်းအိုင်များတွင် အနက်ဆုံး၊ ရေအရည်အသွေးအကောင်းဆုံး၊ ရေသိုလှောင်မှု အကြီးမားဆုံးသော ရေနက်အမျိုးအစား ရေချိုအိုင်ဖြစ်ကြောင်း သိရပါသည်။
ယွီရှီမြို့တွင် လှပသော တောင် ရှိသည်။ တရုတ်နိုင်ငံ တစ်ခုတည်းသော ကျောက်ဖြစ်ရုပ်ကြွင်း ကမ္ဘာ့သဘာဝအမွေအနှစ်နေရာ ဖြစ်သည့် မောင်ထျင်တောင်တွင် သိပ္ပံပညာရှင်များသည် ရှားပါးတိရစ္ဆာန်နှင့် အပင်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်း ၂၀၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် ၂၀ ရာစုတွင် အံ့ဖွယ်အကောင်းဆုံး သိပ္ပံတွေ့ရှိချက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါသည်။