【COP15】ချိုရှုံပြည်နယ်ခွဲမှ အစိမ်းရောင်ဥဒေါင်းမျိုးစိတ်သည် ဆက်လက်တိုးတက်လာ

2021-10-09 11:41:02 |သတင်းအရင်းအမြစ် 新华网

အစိမ်းရောင်ဥဒေါင်းသည် လက်ရှိတွင် ယူနန်ပြည်နယ်နှင့် အရှေ့တောင်အာရှဒေသအချို့၌သာ ဖြန့်ကျက်လျက်ရှိပြီး "ကမ္ဘာ့သဘာဝထိန်းသိမ်းရေးသမဂ္ဂ၏ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးမျိုးစိတ်များ အနီရောင်စာရင်း"တွင် ပါဝင်ကြောင်း သိရပါသည်။

ယူနန်ပြည်နယ် ချိုရှုံ ယီ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် လက်ရှိတွင် တရုတ်ပြည်တွင်း အစိမ်းရောင်ဥဒေါင်းမျိုးစိတ် အများဆုံး တွေ့ရှိသော ဒေသတစ်ခုဖြစ်သည်။ ယခုနှစ်တွင် ချိုရှုံပြည်နယ်ခွဲသည် သဘာဝဘေးမဲ့တော၏ ဧရိယာနှင့် နယ်ပယ်များကို တိုးချဲ့ပြီး အစိမ်းရောင်ဥဒေါင်းများအတွက် ကင်းလှည့်ခြင်းနှင့်စောင့်ကြည့်ခြင်း အားကောင်းစေခြင်း၊ စားနပ်ရိက္ခာ အရင်းအမြစ်အခြေစိုက်စခန်းများနှင့် သောက်သုံးရေဖြည့်တင်းနေရာများ တည်ဆောက်ခြင်းအားဖြင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ၏ အစိမ်းရောင်ဥဒေါင်း ကာကွယ်ခြင်းဆိုင်ရာ အသိအမြင်သည် တဖြည်းဖြည်း တိုးတက်လာကြောင်း၊ သဘာဝဘေးမဲ့တော၏ အကာအကွယ်စွမ်းရည်နှင့် ကာကွယ်မှု အဆင့်သည် ဆက်လက်မြင့်တက်လာပြီး အစိမ်းရောင်ဥဒေါင်းမျိုးစိတ်သည်လည်း ဆက်လက်တိုးတက်လာကြောင်း သိရပါသည်။

နောက်ဆုံးစောင့်ကြည့်လေ့လာချက်အရ ချိုရှုံပြည်နယ်ခွဲ တစ်ခုလုံး၌ အစိမ်းရောင်ဥဒေါင်း အရေအတွက်သည် ၂၆၀ ခန့်ရှိပြီး ၎င်းတို့အနက် ရှန်ပိုင် ဒိုင်နိုဆောမြစ် ပြည်နယ်ခွဲအဆင့် သဘာဝဘေးမဲ့တောမှ အစိမ်းရောင်ဥဒေါင်း အရေအတွက်သည် ၁၃၀ ခန့်ရှိကြောင်း သိပါသည်။