ချစ်စရာကောင်းပြီး ရက်စက်သော ကျားကလေး ကြီးပြင်းလာ

2021-10-18 11:45:13 |သတင်းအရင်းအမြစ် 新华网

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ကျီလင်ပြည်နယ်မှ ဝှမ်းနီမြစ် အမျိုးသား သဘာဝဘေးမဲ့တော၌ "ပျောက်ဆုံး"နေသော ဆိုက်ဘေးရီးယားကျား တစ်ကောင် ထွက်ပေါ်လာပြီး လူတို့သည် အဆိုပါကျားကို ကျားကလေးဟုခေါ်ကြသည်။ ယခုနှစ်ပိုင်းတွင် ဘေးမဲ့တောမှ ဝန်ထမ်းများသည် စောင့်ကြည့်ကိရိယာများမှတဆင့် ကျားကလေး၏ ကြီးထွားမှုကို စောင့်ကြည့်နေကြသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ တိုးတက်မှုနှင့်အတူ ဘေးမဲ့တောမှ သမင်များ၊ တောဝက်များနှင့် အခြားသားကောင်တို့သည် တိုးပွားလာပြီး ကျားကလေးသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုကြံ့ခိုင်လာသည်။

သို့သော် ကျားကလေး၏ ကျန်းမာသန်စွမ်းကြီးထွားမှုသည် လူသားတို့၏ ကြိုးစား အားထုတ်မှုများနှင့် ခွဲခွာ၍မရနိုင်ကြောင်းကို အဆိုပါကျားကလေး မသိပေ။ ၂၀၁၇ ခုနှစ်တွင် ဆိုက်ဘေးရီးယားကျားနှင့် ကျားသစ် အမျိုးသားဥယျာဉ်စနစ်ကို တရားဝင်စတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဆိုက်ဘေးရီးယားကျားနှင့် ကျားသစ် အမျိုးသား ဥယျာဉ်ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အမျိုးသားဥယျာဉ်သည် ကျီလင်ပြည်နယ်နှင့် ဟေလုံကျန်းပြည်နယ် နှစ်ခုကို လွှမ်းခြုံထားပြီး စတုရန်းကီလိုမီတာ ၁၄၀၀၀ ကျယ်ဝန်းသည်။ ဂေဟစနစ် ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ကောင်းမွန်စွာ အုပ်ချုပ်ရေးနှင့် လုပ်ဆောင်များကြောင့် ကျားနှင့် ကျားသစ်များစသော အမျိုးသားအဆင့် ကာကွယ်ထားသည့် တိရိစ္ဆာန်များသည် တဖြည်းဖြည်းတိုးလာပါတော့သည်။