CHINA“ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်”အဖြစ် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့အား ယူနက်စကို ရွေးချယ်

2021-11-09 19:09:25 |သတင်းအရင်းအမြစ် 新华网

ယူနက်စကို”Creative Cities Network”တွင် အသစ်ပါဝင်မည့် မြို့ပေါင်း ၄၉ မြို့၏အမည်စာရင်းကို ယူနက်စကိုဝဘ်ဆိုက်က နိုဝင်ဘာ ၈ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ရာ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့သည် “ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းမှာ ချိန်တူး၊ စွန့်တယ်၊ မကာအို၊ ယန်ကျိုးမြို့များပြီးလျှင် “ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”စာရင်းတွင် ပါဝင်နိုင်သည့် တရုတ်နိုင်ငံ၏ ပဥ္စမမြောက်မြို့ ဖြစ်လာသည်။

ယူနက်စကို”Creative Cities Network”သည် ကမ္ဘာတစ်ဝန်း ဆန်းသစ်တီထွင်ဖန်တီးမှုကို ဖွံ့ဖြိုးရေးအခြေခံအဖြစ်ဆောင်ရွက်သည့် မြို့များ စုစည်းရာ ပလက်ဖောင်းဖြစ်ပြီး ဆန်းသစ်ဖန်တီးမှုကဏ္ဍများတွင် လက်မှုအနုပညာ၊ ရိုးရာအနုပညာ၊ ဒီဇိုင်းရေးဆွဲခြင်း၊ ရုပ်ရှင်၊ စားကောင်းသောက်ဖွယ်၊ စာပေ၊ မီဒီယာအနုပညာနှင့်တေးဂီတစသည့်အချက်တို့ပါဝင်သည်။ ၅ နှစ်ကြာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဟွိုင်အန်းသည် ယူနက်စကို၏”Creative Cities Network”တွင် အောင်မြင်စွာ ပါဝင်နိုင်ခဲ့သည်။

ဟွိုင်အန်းသည် ဟွိုင်ယန် ရသာမွန်ဟင်းလျာများ၏ အဓိကပေါ်ပေါက်ရာ အရင်းအမြစ်နေရာနှင့်ဆက်ခံရာနေရာဖြစ်ပြီး ယခင်က “တရုတ်နိုင်ငံ ဟွိုင်ယန် ဟင်းလျာ၏ဇာတိမြေ” ၊“တရုတ်နိုင်ငံ၏ စွဲမက်ဖွယ် စားကောင်းသောက်ဖွယ် နာမည်ကျော်မြို့”အဖြစ် ဂုဏ်ပြုခေါ်ဝေါ်ကြသည်။ ဟွိုင်ယန်ဟင်းလျာသည် ဘီစီ ၇၇၀ ခုနှစ်မှ ဘီစီ ၄၇၆ ခုနှစ်ဖြစ်သည့် နွေဦး၊ဆောင်းဦးခေတ်ကာလ(Spring and Autumn period)တွင် စတင်ပြီး မင်မင်းဆက်နှင့်ချင်းမင်းဆက် ခေတ်ကာလတွင် ရေပန်းစားလာခဲ့ပြီး တရုတ်နိုင်ငံတော်သစ် တည်ထောင်သည့် ပထမဆုံးမိတ်ဆုံစားပွဲ၏ စံပြဟင်းလျာအမျိုးအစား ဖြစ်ခဲ့သည်။ ဟွိုင်အန်းတွင် လက်ရှိ နာမည်ကျော်ဟင်းလျာနှင့်မုန့်ပဲသရေစာ အမျိုးအစား ၁,၃၀၀ ကျော်ရှိရာ ၂၉၈ မျိုးမှာ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ပြီး တစ်နိုင်ငံလုံးရှိဒေသမြို့များအနက် ပါဝင်မှုအများဆုံးဖြစ်သည်။


တရုတ်နိုင်ငံ၏ စွဲမက်ဖွယ် စားကောင်းသောက်ဖွယ် ယဉ်ကျေးမှုသည် ကမ္ဘာတွင် နာမည်ကျော်ကြားရာ ဟွိုင်အန်းမြို့ ကမ္ဘာ့စွဲမက်ဖွယ် စားကောင်းသောက်ဖွယ်မြို့တော်(City of Gastronomy)”စာရင်းတွင် ပါဝင်ခြင်းသည် ဟွိုင်ယန်ဟင်းလျာ နိုင်ငံတကာဖလှယ်မှုတွင် တိုးတက်အောင် အထောက်အပံ့ဖြစ်စေရာ ဟွိုင်အန်း၏ ယဉ်ကျေးမှုအငွေ့အသက်နှင့် တစ်မူထူးခြားသည့် မြို့ပြ၏စွဲဆောင်မှုကို ပိုမိုများပြားသောသူများ ခံစားသိရှိစေနိုင်မည်ဖြစ်သည်။ (Xinhua)