နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင် ဟွမ်တောင် ရှုခင်းသာနေရာသည် ဆောင်းရာသီ၏ ပထမဆုံး နှင်းကျမှုကို ကြိုဆိုခဲ့သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် ဟွမ်တောင်သည် ငွေရောင်ဝတ်စုံ ဝတ်ဆင်ထားသကဲ့သို့ လှပနေပြီး တောင်ပေါ်တွင် ထူးဆန်းသော ထင်းရှူးပင် နှင့် ကျောက်များရှိသဖြင့် အလွန်ခမ်းနားလှပနေသည်။ ခရီးသွားများသည် လှပသော ဟွမ်တောင်၌ လည်ပတ်ကြည့်ရှုနေကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်နေကြပါသည်။