တရုတ်နိုင်ငံ ကျေးလက်တောရွာလေးတစ်ခုတွင် လိမ္မော်သီးများ အီးကော်မာ့စ်ပလက်ဖောင်းမှတဆင့် ရောင်းကောင်းနေ

2021-12-06 18:01:58 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ ယုံအန်းခရိုင်၏ အီးကော်မာ့စ်သစ်သီးဥယျာဥ်တစ်ခု၌ ရွာသူရွာသားများသည် လိမ္မော်သီးများ ရွေးချယ်နေကြသည်ကို တွေ့ရပါသည်။

ယုံအန်းခရိုင်တွင် လိမ္မော်သီး ၃၄၁၃၃.၅ ဧက စိုက်ပျိုးထားပြီး နှစ်စဥ် လိမ္မော်သီးတန်ချိန် ၁.၉၅ သိန်း ရရှိကာ ရွာသူရွာသားများသည် ၎င်း လိမ္မော်သီးများကို အီးကော်မာ့စ်ပလက်ဖောင်းမှတဆင့် ရောင်းချကြကြောင်း သိရသည်။