ရှန်းတုံးထျမ်ချိန်။ ။ နီနီရဲရဲ “တရုတ်ကြိုးထုံး”များ ရောင်းအားကောင်းနေ

2021-12-17 14:06:41 |သတင်းအရင်းအမြစ် 新华网

ဒီဇင်ဘာလ(၁၄)ရက် ရှန်းတုံးပြည်နယ် လင်ရီမြို့ ထျန်ချိန်ခရိုင် ဟုံးဟွာရွာလုပ်ငန်းတစ်ခု၏ အလုပ်သမားများသည် “တရုတ်ကြိုးထုံး”ကို ထုတ်လုပ်လျက်ရှိသည်။

တရုတ်နှစ်သစ်ကူးရောက်ခါနီးလာသည်နှင့်အမျှ ရှန်းတုံးပြည်နယ် လင်ရီမြို့ ထျန်ချိန်ခရိုင် ဟုံးဟွာရွာမှထုတ်လုပ်သော “တရုတ်ကြိုးထုံး”သည် ရောင်းအားအကောင်းဆုံးသောရာသီသို့ ရောက်လာပါသည်။ “တရုတ်ကြိုးထုံး”သည် ဟုံးဟွာရွာ၏ ဓလေ့ရိုးရာလက်မှုလုပ်ငန်း ဖြစ်ပြီး ၎င်း၏ထုတ်ကုန်များကို ပြည်တွင်းပြည်ပစျေးကွက်သို့ ပို့ဆောင် ရောင်းချလျက်ရှိပါသည်။