ကမ္ဘာကြီးက ဘယ်လိုမျိုး နိုင်ငံစုံဝါဒကို လိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ် အဆိုပြုချက်က အဖြေပေး

2021-01-27 19:35:17 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော် သမ္မတရှီကျင့်ဖိန်သည် ဒီလ ၂၅ ရက်နေ့ညမှာ ပေကျင်းတွင် ဗီဒီယို အသွင်ပုံစံနဲ့ ကမ္ဘာ့ စီးပွါးရေးဖိုရမ် ဒါဗို့စ် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး အထူးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖိန်က ကမ္ဘာပေါ်မှာ ပြဿနာများ ရှုပ်ထွေးပွေလီများပြားပြီး အဲဒီ ပြဿနာများကို ဖြေရှင်းတဲ့နည်းလမ်းဟာ နိုင်ငံစုံဝါဒကို ထိန်းသိမ်းကာကွယ်ခြင်း၊ လက်တွေ့ဖေါ်ဆောင်ခြင်းနဲ့ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒါဟာ ကမ္ဘာကြီးက ဘယ်လိုမျိုး နိုင်ငံစုံ ဝါဒကို လိုအပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ပေးထားတဲ့ အဖြေပဲ ဖြစ်တယ်။

ရှီကျင့်ဖိန်ဟာ မက္ကရိုစီးပွါးရေးမူဝါဒများ ညှိနှိုင်းမှုကို တွန်းအားပေးခြင်း၊ အတွေးအခေါ် ဆိုင်ရာ တစ်ဖက် သတ်တစ်ယူသန် အမြင်သဘောထားကို စွန့်ပစ်ခြင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဖွံ့ဖြိုးရေးဆိုင်ရာ ကွာဟမှုကို ကျော်ဖြတ်ခြင်း၊ နိုင်ငံတကာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းခြင်း အပါအဝင် နယ်ပယ်လေးခုကနေ ယနေ့ခေတ် ရှုပ်ထွေးပွေလီများပြားတဲ့ ပြဿနာများကို ဖြေရှင်းရေး ဆိုင်ရာ နည်းလမ်းများ သုံးသပ် ဖေါ်ပြထားပါတယ်။

ရှီကျင့်ဖိန်က နိုင်ငံစုံဝါဒရဲ့ အဓိကအချက်ဟာ ကမ္ဘာပေါ်ရှိ ကိစ္စရပ်များကို နိုင်ငံအားလုံး တိုင်ပင် ဆွေးနွေးပြီး လုပ်ဆောင်တာနဲ့ ကမ္ဘာကြီးရဲ့ ရှေ့အလားအလာကို နိုင်ငံအသီးသီးတို့ အတူကိုင်တွယ်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒါဟာ ရှီကျင့်ဖိန်က ကမ္ဘာကြီး လိုအပ်တဲ့ နိုင်ငံစုံ ဝါဒဆိုင်ရာ ရှင်းလင်းပြောကြားခြင်း ဖြစ်ပြီး ဒီထဲမှာ “နိုင်ငံအားလုံး တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်တာ”ဟာ သော့ချက်ကျတဲ့ စကားပဲ ဖြစ်ပါတယ်။

သမိုင်းဖြစ်စဉ်ဟာ ချီတက်နေပါတယ်။ ကမ္ဘာကြီးဟာ အတိတ်ကို ပြန်နောက်ဆုတ် နိုင်မှာ မဟုတ်ပါဘူး။ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောသလိုပဲ ယနေ့ မိမိတို့ ပြုလုပ်တဲ့ ရွေးချယ်မှု တိုင်း၊ ဆောင်ရွက်မှုတိုင်းဟာ ကမ္ဘာကြီး ရဲ့ အနာဂတ်ရေးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါ တယ်။ မငြင်းသာပဲ နိုင်ငံအားလုံး တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်ကြတဲ့ နိုင်ငံစုံဝါဒကို လက်တွေ့ကျကျ ဖေါ်ဆောင်ခြင်းဟာ လူသားအားလုံးရဲ့ ရှေ့အလား အလာကို အလင်းရောင်ခြည်အဖြစ် ဆောင်ကြဉ်းပေးနိုင်တဲ့ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။