【CPC 100】ကျွန်မ သူလိုလူ ဖြစ်ချင်ပါသည်-- ချာနီဖီ၏ တရုတ်ကွန်မြူနစ်ပါတီ ပထမဦးဆုံး အစည်းအဝေးမှ သဘောထားစိတ်ဓာတ်ကို ပိုမိုများပြားသောလူတို့ထံ လက်ဆင့်ကမ်းပေးလို

2021-04-30 18:33:09 |သတင်းအရင်းအမြစ် 云南网

အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသမီး မာရိကျန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုန်ဟော်ပြည်နယ်ခွဲ မွန်ကြည်ခရိုင်သူတစ်ဦးဖြစ်ပြီး တက္ကသိုလ် Broadcasting ရုပ်သံမေဂျာမှ ဘွဲ့ရရှိပြီး နောက်နှစ်နှစ်တွင် သူမသည် မွန်ကြည်ခရိုင်ချာနီဖီရှိ တရုတ်ကွန်မြူနစ်ပါတီ ပထမအကြိမ်အစည်းအဝေးကျင်းပခဲ့သော နေရာဟောင်းကို လာရောက်လေ့လာသည့်ပရိသတ်များအတွက် ဦးစီးမိတ်ဆက်သူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။

လွန်ခဲ့သော ၄ နှစ်ကာလတွင် မာရိကျန်းက စိတ်ထဲတွင်ထိထိမိမိရှိနေသည်မှာ သူရဲကောင်းအမျိုးသမီး ဝူချိန်၏ အတွေ့အကြုံ ဖြစ်ပါသည်။ ဝူချိန်သည် ယူနန်ပြည်နယ်ကွန်မြူနစ်ဝါဒလှုပ်ရှားမှု၊ လူငယ် ရေးရာလှုပ်ရှားမှုနှင့် အမျိုးသမီးရေးရာလှုပ်ရှားမှုတို့တွင် ရှေ့တန်းပုဂ္ဂိုလ်အဖြစ်ပါဝင်ခဲ့သကဲ့သို့ ယူနန်ပြည်နယ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်ဖြစ်ခဲ့သော ပထမဦးဆုံးအမျိုးသမီးလည်း ဖြစ်သည်။ သူမသည် ခင်ပွန်းဖြစ်သူ မစ္စတာလီကော်ကျို့ နှင့်အတူ မာ့က်ဝါဒကို ကြေညာပြီး တော်လှန် ရေးလှုပ်ရှားမှုကို ဖွဲ့စည်းခဲ့ပါသည်။

၁၉၃၀ ပြည့်နှစ်တွင် ဝူချိန်နှင့်လီကော်ကျို့သည် အဖမ်းခံခဲ့ရပါသည်။ ထိုအချိန်တွင် သူမသည် ကိုယ်လေး လက်ဝန်ရှိနေသော်လည်း မိမိ၏အသက်ဆုံးရှုံးမှုကို အလေးမထားပဲ ရဲဘော်ရဲဘက်များ နှင့်အတူ ဆက်လက်တိုက်ပွဲဝင်ရန် အားတင်းထားခဲ့သည်။ သူမကျဆုံးစဉ်က အသက် ၃၀ နှစ်သာ ရှိပါသေးသည်။

“မိတ်ဆက်ရှင်းပြသူအလုပ် စလုပ်ခါစမှာ တစ်ချို့အကြောင်းအရာကို မေ့သွားတတ်တယ်။ အဲဒါက ကျွန်မကို စိတ်ဓာတ်ကျ အားငယ်စေခဲ့တယ်။ မျက်ရည်ခဏခဏကျစေခဲ့တယ်။ တစ်ခါတလေမှာ အကြောင်းအရာပါတဲ့ စာရွက်ကိုတောင် ဆုတ်ဖြဲလိုက်တတ်တယ်။ နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကို ဒီလို အားပေးပါတယ်။ သူရဲကောင်းဆိုတာ အသက်ဆုံးရှုံးရမှာ မကြောက်ဘူး။ ငါ ဘာလို့ ဒီဖိအားလေး တောင် မခံနိုင်ရမှာလဲ။ ကျွန်မကြိုးစားဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး အခက်အခဲတွေ ဖြတ်ကျော်လို့ သက်ဆိုင်ရာ အကြောင်းအရာကို အဆက်မပြတ်လေ့လာခဲ့တယ်”ဟု မာရိကျန်းက ပြောသည်။ ယခု အချိန်တွင် သူမသည် ပရိသတ်များ၏ တောင်းဆိုချက်အမျိုးမျိုးနှင့်အညီ တရုတ်ကွန်မြူနစ်ပါတီ ပထမအကြိမ်အစည်းအဝေးဆိုင်ရာ အကြောင်းအရာကို ကောင်းမွန်ကျွမ်းကျင်စွာ မိတ်ဆက်ရှင်းပြ ပေးနိုင်သောကြောင့် ပရိသတ်များသည် သူမကို အလွန်ကြိုက်နှစ်သက်ကြသည်။ “အစ်မပြောတာ အရမ်းကောင်းတယ်။ နောက်တစ်ခါ လာလေ့လာရင်လည်း အစ်မပဲ မိတ်ဆက်ရှင်းပြ ပေးပါရမယ်နော်”ဟု ပရိသတ်များက သူမကို တောင်းဆိုကြသည်။

“သမိုင်းကို ပြန်ပြောင်းကြည့်တဲ့အခါမှာ အာဇာနည်တွေရဲ့ မြင့်မြတ်တဲ့ဆောင်ရွက်ချက်တွေနဲ့ စိတ်ဓာတ် တွေကြောင့် စိတ်ထိခိုက်ခံစားမိတယ်။ မိမိရဲ့ယုံကြည်ချက်ကို မယိမ်းမယိုင် ခိုင်မာစေပြီး အတ္တစိတ် မထားပဲ နှောင်ကြိုးမဲ့ ကြောက်လန့်နေစရာမလိုဘူး။ ပြည်သူပြည်သားတွေရဲ့ အကျိုးအတွက် တော်လှန်ရေးမှာ ပါဝင်နေပါတယ်”ဟု သူမက ဆိုသည်။ သူမသည် ထူးချွန်ထက်မြက်တဲ့ ကွန်မြူနစ် ပါတီဝင်တစ်ဦး ဖြစ်လိုပြီး ချာနီဖီ၏ တရုတ်ကွန်မြူနစ်ပါတီပထမဦးဆုံး အစည်းအဝေး၏ သဘောထားစိတ်ဓာတ်များကို ပိုမိုများပြားသောလူတို့ထံ ယခုထက်မက လက်ဆင့်ကမ်းပေးလိုသည်ဟု သူမက ပြောပါသည်။