တရုတ်နိုင်ငံ၏ SMEs လုပ်ငန်းများ တည်ငြိမ်စွာ ပြန်လည်ကောင်းမွန်လာ

2021-05-07 13:57:33 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)၏ ဆောင်ရွက်မှုများသည် နောက်ဆုံးထုတ်ပြန်ခဲ့သော စက်မှုလုပ်ငန်းအချက်အလက်တွင် COVID-19 ရောဂါသက်ရောက်မှုမှ စီးပွားရေး ပြန်လည်နလံထူလာသည်နှင့်အမျှ ယခုနှစ် ပထမသုံးလပတ်တွင် တိုးတက်ခဲ့ကြောင်း သိရသည်။

SMEs လုပ်ငန်း ၃၀၀၀ ၏ စစ်တမ်းအပေါ် အခြေခံထားသည့် SMEs ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းသည် ပထမသုံးလပတ်တွင် ၈၇ ဒသမ ၅ အထိ ၀ ဒသမ ၅ မှတ် တိုးလာခဲ့ပြီး ပြီးခဲ့သောနှစ် အလားတူကာလမှစ၍ အမြင့်ဆုံး အဆင့် ဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအသင်းထံမှ သိရသည်။

အဆိုပါအညွှန်ကိန်းတွင် SMEs ၏ စွမ်းဆောင်ရည်များနှင့် မျှော်လင့်ချက်များကို တိုင်းတာရန် ညွှန်ကိန်းမျိုးစုံပါဝင်သည်။ ၁၀၀ အထက်သည် စီးပွားရေးလုပ်ငန်း လမ်းကြောင်း အထက်ဘက်သို့ ထင်ဟတ်စေပြီး ၁၀၀ အောက်သည် နိမ့်ဆင်းမှုကို ဖော်ညွှန်းကြောင်း သိရသည်။

မက်ခရိုစီးပွားရေး ၊ ဘဏ္ဍာရေး ၊ ကုန်ကျမှုနှင့် အလုပ်သမားအင်အား အညွှန်းကိန်းသည် ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း ၁၀၀ အထက်တွင် အားလုံးရှိကြောင်း သိရသည်။ အဆိုပါ ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း SMEs လုပ်ငန်းများအကြားတွင် စီးပွားရေးယုံကြည်မှု ပိုရှိလာခဲ့ပြီး ဈေးကွက်မျှော်လင့်ချက်များ ဆက်လက်တိုးတက်ခဲ့ကြောင်းနှင့် ငွေသားပမာဏကို လျှော့ချခဲ့ကြောင်း ဘဏ္ဍာရေးဖိအားကို လျော့ကျစေသည့် ဗဟိုဘဏ်မှ ငွေကြေးဆိုင်ရာ မူဝါဒများ ရည်မှန်းချက်ကဲ့သို့သော တရုတ်နိုင်ငံ၏ အဆင့်မြင့် SMEs အစီအမံများအား ကိုးကား၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအသင်းက ပြောကြားခဲ့သည်။ (Xinhua)