တရုတ်နိုင်ငံ၏ ဆန်းရှီးပြည်နယ်၌ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပ

2021-10-14 10:44:14 |သတင်းအရင်းအမြစ် 新华网

ငါးကြိမ်မြောက် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံ မြောက်ပိုင်းဆန်းရှီးပြည်နယ်ရှိ နှစ်ပေါင်း ၂၇၀၀ သက်တမ်းရှိ Pingyaoမြို့၌ အောက်တိုဘာ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ Pingyao နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံနှင့် ဒေသပေါင်း ၃၀မှ ရုပ်ရှင်ကားပေါင်း ၄၆ ကား ပြသသွားမည်ဖြစ်သည်။ ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော Pingyao မြို့၌ ပြသမည့်ရုပ်ရှင်ကားအနက် သုံးပုံတစ်ပုံခန့်မှာ ကမ္ဘာကို ပွဲဦးထွက်ပြသမည့် ကားများဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း ပြသမည့် ရုပ်ရှင်များတွင် Cannes ဆုရ “Prayers for the stolen ရုပ်ရှင်ကား၊ ဘယ်လ်ဂျီယံဒါရိုက်တာ Laura Wandel ၏ “Playground” ရုပ်ရှင်ကားနှင့် နာမည်ကျော် တရုတ်ရုပ်ရှင်ဒါရိုက်တာ Xie Fei ၏ “Song of Tibet’’ ရုပ်ရှင်ကားများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပရိသတ်များအနေဖြင့်ဉာဏ်ရည်တုရုပ်ရှင်များထုတ်လုပ်မှုတွင် ပါဝင်နိုင်မည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး ရုပ်ရှင်အမျိုးအစားနှင့် ဇာတ်လမ်းပုံစံအားရွေးချယ်ကာ ဇာတ်ညွှန်းရေးသူနှင့် တည်းဖြတ်သူအဖြစ် မည်သည့်ရုပ်ရှင်တွင်မဆိုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

တရုတ်ဒါရိုက်တာ Tsui Hark သည်ရုပ်ရှင်ပြပွဲအတွင်းကျင်းပမည့်တွေ့ဆုံဆွေးနွေးရေးလှုပ်ရှားမှုတစ်ခုတွင် Alfred Hitchcock ၏လက်ရာများကို ရှင်းပြသွားဖြစ်ကြောင်းသိရသည်။

Pingyao နိုင်ငံတကာရုပ်ရှင်ပွဲတော်အား နိုင်ငံအသီးသီးမှ ရုပ်ရှင်ရိုက်ကူးသူများအကြား အပြန်အလှန် အတွေ့အကြုံဖလှယ်မှုကိုအားကောင်းစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီးကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်ဒါရိုက်တာများ၏ပြောင်မြောက်သောလက်ရာများကို ရှာဖွေခြင်းနှင့် မြှင့်တင်ခြင်းတို့ကို အလေးထားကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။ (Xinhua)