ကျွန်တော်တို့အကြောင်း--

ကျွန်တော်တို့ Yunnan gateway သည် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံတကာသတင်းပြန်ကြားရေးစင်တားလက်အောက်ရှိ အင်တာနက်ကွန်ရက်စာမျက်နှာ ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနမှ ကမကထပြုပြီး ယူနန်ပြည်နယ်ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာနမှ ဦးစီးကာ ယူနန်နေ့စဥ်သတင်းစာအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသော သတင်းကွန်ရက်တစ်ခုဖြစ်သည်။

 

ကျွန်တော်တို့သည် တရုတ်၊ အင်္ဂလိပ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်စသည့် ဘာသာစကား ၇ မျိုးဖြင့် သတင်းတင်ဆက်နေပြီး လန်ချမ်း-မဲခေါင်မြစ်ဝှမ်း တစ်လျှောက်နိုင်ငံများအား မျက်နှာပြု၍ သတင်းအချက်အလက်များ တင်ဆက်နေသည့် တရုတ်နိုင်ငံ၏ တခုတည်းသော ကွန်ရက် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ဆိုင်ရာ နောက်ဆုံးရသတင်းများ တင်ဆက်နေပြီး ပရိသတ်များအနေဖြင့် ကျွန်တော်တို့ကွန်ရက်တွင် နောက်ဆုံးရ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဥ်ကျေးမှုနှင့် ခရီးသွားလာရေးစသည့် သတင်းအချက်အလက်များကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

 

ကျွန်တော်တို့သည် ယခုအချိန်တွင် ဘာသာစကားအမျိုးမျိုးအစုံစုံဖြင့် သတင်းတင်ဆက်ခြင်းအပြင် ဓာတ်ပုံ၊ ဗီဒီယို၊ မဂ္ဂဇင်း၊ သတင်းစာစသည့်ပုံစံများဖြင့်လည်းကျယ်ပြန့်စွာ တင်ဆက်နေပါသည်။ ကွန်ရက်တွင် မြန်မာဘာသာဖြင့် “မင်္ဂလာ”၊ ထိုင်းဘာသာဖြင့် “မဲခေါင်မြစ်”၊ လာအိုဘာသာဖြင့် “Champa”၊ ကမ္ဘာဒီးယားဘာသာဖြင့် “ခမာ” စသည့်မဂ္ဂဇင်းလေးစောင်ကို အီလက်ထရွန်ပုံစံဖြင့် တင်ဆက်သကဲ့သို့ အသံဖတ်စာမူကိုလည်း တင်ဆက်လျက်ရှိသည်။ ထို့အတူ WeChat တွင် “Lancang-Mekong Party”အမည်ဖြင့် စာမူအကောင့်နှင့်ဗီဒီယိုအကောင့်ကို အသီးသီးဖွင့်လှစ်ထားပြီး Facebook ၊ Twitter စသည့်လူမှုကွန်ရက်ပလက်ဖောင်းတွင်လည်း မြန်မာဘာသာဖြင့် “မင်္ဂလာ”၊ အင်္ဂလိပ်ဘာသာဖြင့် “Amazing Yunan”၊ ထိုင်းဘာသာဖြင့် “မဲခေါင်မြစ်”၊ လာအိုဘာသာဖြင့်“Champa”၊ ကမ္ဘာဒီးယားဘာသာဖြင့် “ခမာ”အစရှိသည့်အကောင့်များကိုလည်း ဖွင့်လှစ်ကာ သတင်းများ တင်ဆက်နေသည်။

 

ကျွန်တော်တို့သည် နိုင်ငံရပ်ခြားနှင့် အပြန်အလှန်ဖလှယ်ခြင်းကိုလည်း အလေးထား ဆောင်ရွက် လျက်ရှိပါသည်။ လွန်ခဲ့သောနှစ်ပိုင်းတွင် ကျွန်တော်တို့သည် “တောင်ပိုင်းပိုးလမ်းမ အကျိုးဆောင်ကျဥ်းရေး စင်တာအသစ်”၊ “နယ်စပ်ဒေသတစ်လျှောက်လုံး၏ တံခါးဖွင့်လှစ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံထားခြင်း”၊ “တရုတ်နိုင်ငံရောက် နိုင်ငံခြားမီဒီယာသမားများ ယူနန်ခရီးစဥ်” အစရှိသည့်ခေါင်းစဉ်များဖြင့် အကြီးစားအင်တာဗျူးလှုပ်ရှားမှုခရီးစဥ်များကို ကျင်းပခဲ့သည့်အပြင်၊ တရုတ်-မြန်မာမီဒီယာများ နှစ်သစ်ကူးလက်ဖက်ရည်စကားဝိုင်း၊ လန်ချမ်း-မဲခေါင်နိုင်ငံများ ပြန်ကြားရေးအရာရှိနှင့် သတင်းမီဒီယာများ မွမ်းမံသင်တန်း၊ တရုတ်-မြန်မာ မီဒီယာ Twin-City ဖိုရမ်၊ “တရုတ်နိုင်ငံက လန်ချမ်း-မဲခေါင်နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခြင်းဆိုင်ရာ ၂၀၂၁ ခုနှစ် အရေးကြီးသော သတင်း ၁၀ ခု” စသည့် လူမှုရေးနှင့် ယဥ်ကျေးမှု လှုပ်ရှားမှုအစီအစဥ်များကိုလည်း ကျင်းပခဲ့သည်။