တစ်ကမ္ဘာလုံးက စိတ်ပူနေရတဲ့ တွန်ဂါမီးတောင်ပေါက်ကွဲမှုဟာ ဘယ်လောက်ထိ ကြီးမားသောထိခိုက်မှု ဖြစ်နိုင်သလဲ

2022-01-24 18:10:33 |သတင်းအရင်းအမြစ် 央视网

ဇန်နဝါရီလ(၁၄)ရက်နေ့ ညနေတွင် တွန်ဂါမီးတောင် ပေါက်ကွဲခဲ့ပါသည်။ (၁၅)ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မီးတောင်မှာ ဒုတိယအကြိမ် ကြီးမားသောပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။


တစ်ကမ္ဘာလုံးသည် တွန်ဂါမီးတောင်ပေါက်ကွဲသည့်အပေါ် စိတ်ပူနေကြပါသည်။ ကျွမ်းကျင်ပညာရှင်များ၏ ပြောဆိုချက်အရ အဆိုပါပေါက်ကွဲမှုသည် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် နျူးကလီးယားဗုံးအလုံး(၁၀၀၀) စုစီးပေါက်ကွဲသည့် အင်အားနှင့်တူညီကြောင်း သိရသည်။
ယခုအကြိမ်ပေါက်ကွဲမှုမှာ ဘယ်လောက်အထိ ကြီးမားသလဲ။ မီးတောင်နှင့်(၈၀၀)ကီလိုမီတာအကွာတွင်ရှိသော ဖီဂျီရှိနေအိမ်များသည် အချိန်နာရီဝက်ခန့် ဆက်တိုက်တုန်လှုပ်ခဲ့သည်။ ကီလိုမီတာ(၁)သောင်းကျော်တွင်ရှိသော အီကွေဒေါသည် ပစိဖိတ်သမုဒ္ဒရာတစ်ဝက်ခန့်အကွာအဝေးရှိသော်လည်း မီးတောင်ပေါက်ကွဲခြင်းကြောင့် ဖြစ်ပွားသည့် ဆူနာမီထိခိုက်မှုကြောင့် ငါးဖမ်းသင်္ဘောများ ပင်လယ်ရေလှိုင်းကြီး၏ရိုက်ခတ်မှု ခံနေရပါသည်။


ယခုအကြိမ်‌လှုပ်ခတ်သည့်ရှောခ့်‌လှိုင်းသည် ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိသဖွယ်ဖြစ်သည်။ ကမ္ဘာမြောက်ခြမ်းရှိ မြင့်မားသောလတ္တီတွဒ်တွင်တည်ရှိသော အင်္ဂလန်နိုင်ငံ၏ဘာရိုမီတာတွင် လေဖိအားအတက်အကျကို တိုင်းတာနိုင်ခဲ့ပါသည်။


ယခုအကြိမ်မီးတောင်ပေါက်ကွဲမှုသည် ဘယ်လောက်အထိ ကြီးမားသောဘေးအန္တရာယ် ဖြစ်စေနိုင်သနည်း။ ထူထပ်သော မီးတောင်ပြာများကြောင့် သြစတြေးလျနှင့်နယူးဇီလန်တို့မှ ကင်းထောက်လေယာဉ်ကို အကြိမ်များစွာ စေလွှတ်ခဲ့သော်လည်း အခြေအနေမသိရသေးပါ။
ယခုစိတ်အပူရဆုံးမှာ နောက်ဆက်တွဲရေအရင်းအမြစ်နှင့် လေထုညစ်ညမ်းသည့်ပြဿနာဖြစ်ကြောင်း မနေ့က ဒေသတွင်းအခြေစိုက်သည့် တရုတ်လုပ်ငန်းတာဝန်ရှိသူတစ်ဦးမှ ပြောဆိုခဲ့သည်။


ကြီးမားသောမီးတောင်ပေါက်ကွဲမှုသည် “ဘေးအန္တရာယ်အစည်းအဝေး”များကို အလွယ်တကူ ဦးတည်သွားစေပါသည်။ ကြီးမားသောစွမ်းအင်နှင့် သတ္တုဓာတ်များသည် ကမ္ဘာမြေမျက်နှာပြင်ပေါ်သို့ တွန်းထွက်ခဲ့ခြင်းသည် တစ်ကမ္ဘာလုံးကိုထိခိုက်စေသည့် ကွင်းဆက်တုံ့ပြန်မှု ဖြစ်စေပါသည်။ ပထမဆုံးမှာ ရှော့ခ်လှိုင်းကြောင့်ဖြစ်ပွားသည့် ဆူနာမီဖြစ်သည်။ ကြီးမားသော ပင်လယ်ရေလှိုင်းသည် ပင်လယ်တစ်လျှောက်ဒေသများအပေါ် အန္တရာယ် တိုက်ရိုက်သယ်ဆောင်လာသည်။ အထူးသဖြင့် ယခုအကြိမ်၏ တွန်ဂါအချိုးအစားသည် ပစိဖိတ်ဒေသတစ်ခုလုံးကို ထိခိုက်စေပါသည်။ ယခု နယူးဇီလန်၊ ဂျပန်တို့တွင် သင်္ဘောအများစု ထိခိုက်ပျက်စီးခဲ့ပြီဖြစ်သည်။ အမေရိကန်ကယ်လီဖိုးနီးယား၊ ပီရူးရှိဆိပ်ကမ်း အချို့မှာ ရေမြှုပ်နေပြီ ဖြစ်သည်။


မိုးလေဝသဝါသနာရှင်များ၏သုံးသပ်ချက်အရ ယခုအကြိမ်၏မီးတောင်ပြာတိမ်တိုက်သည် ပေါက်ကွဲပြီးနောက် ထရိုပိုစဖီးယား အနောက်လေနှင့်အတူ အနောက်ဘက်မှအရှေ့ဘက်သို့ ရွေ့လျားခဲ့ခြင်းကြောင့် အနောက်ဘက်ရှိ သြစတြေးလျသို့ ရောက်ရှိသည်။ စထရာတိုဖီးယားသို့ရောက်ရှိသည်ကိုဖော်ပြသည်။ ဆိုလိုသည်မှာ မီးတောင်ပြာ များသည် အချိန်လပိုင်းကြာမျှ လွင့်မျောပြီးမှ မြေပြင်ပေါ်သို့ ကျရောက်မည်ဖြစ်သည်။ ဤသို့ကြီးမားသော “တိမ်တိုက်”ကြီး လေထုထဲ၌ လွင့်မျောနေခြင်းသည် လေယာဉ်လေကြောင်းလိုင်းများကို တိုက်ရိုက်ထိခိုက်စေပါသည်။ အကယ်၍ မီးတောင်ပေါက်ကွဲသည့်အချိုးအစား ထပ်မံကြီးမားပြီး ဖြစ်ပေါ်သောမီးတောင်ပြာများ ပိုမိုများပြားပါက “Parasol effect” ဖြစ်စေနိုင်ပြီး နေရောင်ကို အချိန်ကြာမတွေ့မြင်နိုင်ခြင်းကြောင့် အပူချိန်ကျဆင်းစေနိုင်သည်။ အွန်လိုင်းပေါ်တွင်အမြဲပြောကြသော “နွေမရှိသောနှစ်”သည် (၁၈၁၆)ခုနှစ် အင်ဒိုနီးရှား Tambora မီးတောင်ပေါက်ကွဲခြင်းကြောင့် တစ်ကမ္ဘာလုံး အပူချိန်ကျဆင်းခဲ့သည့်ဖြစ်ရပ်ဖြစ်ပါသည်။ ထိုအချိန်က တရုတ်နိုင်ငံ၊ ဉရောပတိုက်မှ အမေရိကတိုက်အထိ ကမ္ဘာမြောက်ခြမ်းတစ်ခုလုံးတွင် စားသောက်ကုန်နည်းပါးခြင်း၊ နှင်းခဲခြင်း စသည့်ပြဿနာများ ကြုံတွေ့ခဲ့ရသည်။ သို့သော် ယခုအခြေအနေအရ တွန်ဂါမီးတောင်သည် ကြီးမားသောအချိုးအစားရှိသည့် ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခြင်းမရှိပါက နောက်ဆက်တွဲဆိုးကျိုးများကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်။


ကမ္ဘာတစ်ဖက်ခြမ်းရှိဘေးအန္တရာယ်သည် ကျွန်တော်တို့နှင့်ဝေးကွာသော်လည်း လူသားကံကြမ္မာသည် နည်းမျိုးစုံဖြင့် ကျွန်တော်တို့ကို နီးကပ်စွာဆက်စပ်နေသေးသည်။