တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်တစ်ရာ ကြိုးပမ်းအားထုတ်မှု၏ သမိုင်းဝင်အတွေ့အကြုံများ

2022-01-26 18:06:27 |သတင်းအရင်းအမြစ် 《吉祥》杂志

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့တွင် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ (၆) ကြိမ်မြောက်စုံညီအစည်းအဝေးကို ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး “ တရုတ်ကွန်မြူနစ်ပါတီနှစ်တစ်ရာ ကြိုးပမ်း အားထုတ်မှုများ၏အရေးပါအောင်မြင်မှုရလဒ်များနှင့် သမိုင်းဝင်အတွေ့အကြုံများ”ကို အတည်ပြုခဲ့ပါသည်။

နှစ်တစ်ရာကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဦးဆောင်ပြီး ကြီးမားစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အလွန်တန်ဖိုးရှိသော သမိုင်းဝင်အတွေ့အကြုံများကို စုဆောင်းရရှိခဲ့ပါသည်။

ပါတီ၏ဦးဆောင်မှုကို စွဲစွဲမြဲမြဲလိုက်နာခြင်း။ ။ ဤကမ္ဘာပေါ်တွင် အကြီးမားဆုံး နိုင်ငံရေးပါတီနှင့် လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်အတွက် ပါတီ၏ ကဏ္ဍစုံဘက်စုံ ဦးဆောင်မှု ကို စွဲစွဲမြဲမြဲလိုက်နာရမည်။ အထူးသဖြင့် ပါတီဗဟိုကော်မတီ၏ တညီတညွတ်တည်း ဦးဆောင်မှုကို စွဲစွဲမြဲမြဲ လိုက်နာရမည်။ ဒီမိုကရေစီ စုပေါင်းစနစ်ကို စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးရမည်။ ပါတီအနေဖြင့် အစမှအဆုံးအထိ အခြေအနေတစ်ခုလုံးကို စုပေါင်းကိုင်တွယ်ဆောင်ရွက်နိုင် ရန်နှင့် ဘက်အသီးသီးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ရန် အာမခံရမည်။

ပြည်သူကို အဓိကထားခြင်း။ ။ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်ရှိ များပြားလှသော ပြည်သူလူထု၏ အရင်းခံအကျိုးစီးပွား ကို ကိုယ်စားပြုလျက်ရှိရာ မိမိအတွက် မည်သည့်အထူးအကျိုးစီးပွားမျှ မရှိခြင်းသည် ဤပါတီ အရှုံးမရှိသောနေရာတွင် ရပ်တည်နိုင်သည့် အကြောင်းရင်း ဖြစ်ပါသည်။

သီအိုရီပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်ခြင်း။ ။ တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဦးဆောင်ပြီး အကြိမ်ကြိမ်စူးစမ်းလေ့လာခြင်း၊ အခက်အခဲများ အကြိမ်ကြိမ် ကြုံတွေ့ရခြင်း၊ အကြိမ်ကြိမ်လမ်း ဖွင့်လှစ်ပေးခြင်းဖြင့် တရုတ်နိုင်ငံရှိ အခြားသောနိုင်ငံရေးအင်အားစုများ ထမ်းဆောင်၍ မရနိုင်သော ခက်ခဲ ကြမ်းတမ်းမှုရှိသည့်တာဝန်များကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်နိုင်ခြင်း၏အကြောင်းရင်းမှာ အတွေးအခေါ်လွတ်မြောက်ခြင်းကို တစိုက်မတ်မတ် ဆောင်ရွက်ခြင်း၊ အဖြစ်မှန်အတိုင်း အလုပ်လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုရှိအောင် ကြိုးပမ်းဆောင် ရွက်ခြင်း၊ အခိုင်အမာအတိအကျ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

မာ့က်စ်ဝါဒ၏ အခြေခံသဘောတရားနှင့် တရုတ်နိုင်ငံ၏ လက်တွေ့ အခြေအနေ ပေါင်းစပ်ထားခြင်း၊ တရုတ် အမျိုးသားများ၏ ထူးချွန်သောယဉ်ကျေးမှုနှင့် ပေါင်းစပ်ထားခြင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ လက်တွေ့သည် အမှန်တရားကို စမ်းသပ်သည့် တစ်ခုတည်းသော စံညွှန်းဖြစ်ပြီး လုပ်ငန်းမှန်သမျှကို လက်တွေ့ ဆောင်ရွက်ရမည်ဟူ သော ခံယူချက်အတိုင်း၊ ခေတ်၏မေးခွန်းများ၊ ပြည်သူလူထု၏မေးခွန်းများကို အချိန်မီ အဖြေပေးနိုင်ခဲ့ပါသည်။ မာ့က်စ်ဝါဒ တရုတ်ပုံစံခေတ်မီ မှု ရှေ့သို့ တိုးတက်လာရန် စဉ်ဆက်မပြတ် တွန်းအားပေး နိုင်ခဲ့ပါသည်။

လွတ်လပ်မှုကို ထိန်းသိမ်းထားခြင်း။ ။ လွတ်လပ်မှုသည် တရုတ် အမျိုးသားများ၏ စိတ်ဓာတ် ဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းနှင့် နိုင်ငံတော် ထူထောင်ခြင်း၏ အရေးကြီးသည့် အခြေခံမူဝါဒ ဖြစ်ပါသည်။
တရုတ်နည်း တရုတ်ဟန်အတိုင်း တစိုက်မတ်မတ် ကြိုးပမ်းဆောင် ရွက်ခြင်း။ ။ တရုတ်ကွန်မြူနစ်ပါတီသည် နှစ်တစ်ရာကြိုးပမ်းဆောင် ရွက်မှုဖြင့် မိမိနိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီအောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏လက်တွေ့အခြေအနေနှင့် ကိုက်ညီသော၊ မှန်ကန်သောလမ်းစဉ်ကို ရှာဖွေတွေ့ရှိပြီး ပုံဖော်လာခဲ့ပါသည်။

ဂလိုဘယ်အမြင်ထားရှိခြင်း။ ။ တရုတ်ကွန်မြူနစ်ပါတီသည် ကမ္ဘာ ကြီး၏ ရှုမြင်မှုဖြင့် လူသား၏ အနာဂတ်ကံကြမ္မာ ကို အစဉ်တစိုက် ဂရုစိုက်လေ့လာခဲ့ပါသည်။ တစိုက်မတ်မတ် တံခါးဖွင့်ခြင်း၊ တံခါးမ ပိတ်ခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်း၊ zero-sum game မလုပ်ခြင်း၊ အမှန်တရားမျှတမှုကို တစိုက်မတ်မတ် လိုက်နာခြင်း၊ သမိုင်း၏ မှန်ကန်သောဘက်တွင် ရပ်တည်ခြင်း၊ လူသားတို့ ဖွံ့ဖြိုးတိုးတက်သောဘက်တွင် ရပ်တည်ခြင်းတို့ဖြင့် တစိုက်မတ်မတ် လုပ်ကိုင်ဆောင် ရွက်ခဲ့ပါသည်။

ဆန်းသစ်တီထွင်ထိုးဖောက်ခြင်း။ ။ ဆန်းသစ်တီထွင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်စု ဖွံ့ဖြိုးတိုးတက် ရေးအတွက် မဆုတ်မနစ် ခွန်အား ဖြစ်သည်။

မိမိ၏ရပ်တည်ချက်ကို စွဲမြဲစွာ ထိန်းသိမ်းထားခြင်း။ ။ တရုတ်ပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူများ ရရှိထားသော အောင်မြင်မှုမှန် သမျှသည် ကောင်းကင်ပေါ်မှ ကျရောက်လာခြင်း မဟုတ်ပါ။ သူတစ် ပါးမှ ပေးအပ် လှူဒါန်းခြင်းလည်း မဟုတ်ပါ။ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရာမှ ရရှိလာခြင်း ဖြစ်ပါသည်။

စည်းလုံးညီညွတ်သောရှေ့တန်းကို မြှင့်တင်ခြင်း။ ။ တရုတ်ကွန်မြူနစ်ပါတီသည် စည်းလုံးညီညွတ်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ စည်းလုံးနိုင်သော အင်အားမှန်သမျှကို စည်းလုံးညီညွတ်စေ နိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲရေးကို ထိန်းသိမ်းခြင်း။ ။ မိမိကိုယ် တိုင် ပြုပြင်ပြောင်းလဲဝံ့ခြင်းသည် တရုတ် ကွန်မြူနစ်ပါတီနှင့် အခြားနိုင်ငံရေးပါတီများအကြား ကွာခြားသော သိသာထင်ရှားသည့် အမှတ် လက္ခဏာ ဖြစ်ပါသည်။ ခေတ်မီသော မာ့က်စ်ဝါဒ နိုင်ငံရေးပါတီသည် မွေးရာပါလာခြင်း မဟုတ်ပါ။ စဉ်ဆက်မပြတ် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရာမှ ခက်ခဲကြမ်းတမ်းမှုမျိုးစုံကို ကျော်ဖြတ်ခဲ့ပြီး တိုးတက် ကြီးထွားလာခြင်း ဖြစ်ပါသည်။