ကိုဗစ်-၁၉ ရောဂါပိုးအိုမီခရွန်မှာ “ညီမ”ရှိနေပြီလား?

2022-01-28 16:39:55 |သတင်းအရင်းအမြစ် 光明日报

နိုင်ငံခြားမီဒီယာများ၏ ‌‌နောက်ဆုံးသတင်းအချက်အလက်အရ အိုမီခရွန်(Omicron)၏ညီမဟုလူသိများသော ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်ကို UK Health Security Agency(UKHSA) မှ “စုံစမ်းစစ်ဆေးမှု ခံနေရသော ဗိုင်းရပ်စ်မျိုးကွဲ(VUI)”အဖြစ် စာရင်းသွင်းထားပြီး လက်ရှိတွင် UK တွင် ပေါ်ပေါက်လျက်ရှိနေပါသည်။ ဤမျိုးကွဲဖြင့် ကူးစက်ခံရသူ(၄၀၀)ကျော်ကိုလည်း တွေ့ရှိခဲ့ပြီဖြစ်သည်။ ၎င်းသည် BA.2 ဟုခေါ်သော အိုမီခရွန်မျိုးကွဲ၏ နောက်ဆုံးဗားရှင်းတစ်ခု ဖြစ်သည်။ နိုင်ငံတကာအချက်အလက်များအရ ဤမျိုးကွဲသည် ပြန့်နှံ့ နှုန်းအလွန်မြန်သည်ဟုသိရပါသည်။

မူလအိုမီခရွန်မျိုးကွဲ စတင်ပျံ့နှံ့ပြီးနောက်မကြာမီတွင် BA.2 မျိုးကွဲသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ပထမဆုံး ပေါ်ပေါက်လာသည်။ BA.2 သည် ‌မည့်သည့်အချိန်တွင် အဓိကဖြစ်ပေါ်ပြောင်းလဲလာသည်ကို ရှာမတွေ့သေးသဖြင့် မျိုးပြောင်းသမိုင်းလိုက်ရန်လည်း ပိုမိုခက်ခဲနေပါသည်။ ၎င်းမျိုးကွဲသည် အခြားမျိုးကွဲ များထက် ပိုမိုပြန့်ပွားလွယ်ပြီး အခြားမျိုးကွဲများနှင့်ခွဲခြားရန်လည်း ပိုမိုခက်ခဲနိုင်သည်ဟု သုသေသနပညာရှင်များက သုံးသပ်ထားပါသည်။