ဗန်ကူးဗားဆောင်းရာသီအိုလံပစ်ပွဲတွင် အစ်ကိုဖြစ်သူသေဆုံးခဲ့သူတစ်ဦးသည် ယခုပေကျင်းတွင် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့

2022-02-11 19:25:32 |သတင်းအရင်းအမြစ် 新华网

ဖေဖော်ဝါရီလ(၆)ရက်နေ့ ညပိုင်းတွင် ရန်ချင့်အမျိုးသားနှင်းတောစီးမော်တော်ကား နှင်းလျှောစီးစွတ်ဖား စင်တာ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအမျိုးသားလုဂ်(Luge)ပြိုင်ပွဲသည် တတိယအကျော့ ပြီးဆုံးခဲ့သည်။ ဂျော်ဂျီယာနိုင်ငံမှ အားကစားသမား Saba Kumaritashvili သည် ဆုတံဆိပ်မရရှိခဲ့သော်လည်း သူနှင့်သူ့မိသားစု၏ ဆောင်းရာသီအိုလံပစ်ပုံပြင်မှာ အထူးစိတ်တုန်လှုပ်ဖွယ် ဖြစ်ပါသည်။

Kumaritashvili မိသားစုသည် ဂျော်ဂျီယာနိုင်ငံ၏ နာမည်ကျော် လုဂ်(Luge)အားကစားမိသားစုကြီး ဖြစ်ပါသည်။ Saba ၏ ဘိုးဘေး Arrigo Kumaritashvili ဖြစ်သူသည် ဂျော်ဂျီယာ၏ လုဂ်(Luge)အားကစား စတင် တည်ထောင်သူဖြစ်ပါသည်။ သူ၏ဖခင်သည်လည်း ဂျော်ဂျီယာ လုဂ်(Luge) အားကစားအသင်း၏ တာဝန်ရှိသူဖြစ်သည်။ Saba Kumaritashvili ၏အစ်ကိုဝမ်းကွဲသည် ဗန်ကူးဗားဆောင်းရာသီအိုလံပစ်ပွဲမတိုင်မီက မတော်တဆသေဆုံးခဲ့သော Nodar Kumaritashvili ဖြစ်ပါသည်။

ဗန်ကူးဗားဆောင်းရာသီအိုလံပစ်ပွဲဖွင့်ပွဲမတိုင်ခင်တွင် Saba Kumaritashvili ၏အစ်ကိုဝမ်းကွဲ Nodar Kumaritashvili သည် လေ့ကျင့်ရင်း Whistler ပြိုင်ပွဲလမ်းကြောင်း၏ အကွေ့(၁၆)ခုမြောက်နေရာတွင် တစ်နာရီ(၁၄၅)ကီလိုမီတာအရှိန်ဖြင့် ပြိုင်ပွဲလမ်းကြောင်းအပြင်သို့ လွင့်ထွက်ခဲ့ပြီး ပြိုင်ပွဲလမ်းကြောင်းဘေးရှိ တိုင်နှင့်တိုက်ကာ အသက်(၂၁)နှစ်၌ပင် အသက်ဆုံးရှုံးခဲ့ရသည်။

Nodar ၏သေဆုံးခြင်းကြောင့် လုဂ်(Luge)အားကစားနှင့်ပတ်သက်ပြီး ထိခိုက်မှုအန္တာရယ်များ ထပ်မံမဖြစ်ပေါ်ရန် ပြိုင်ပွဲလမ်းကြောင်းနေရာချထားခြင်း၊ ဘေးအန္တရာယ်ကင်းအောင်ကာကွယ်ခြင်းနှင့် စီမံနေရာချထားခြင်းများအား ပြုပြင်ပြောင်းလဲမှု ထပ်တိုး လုပ်ဆောင်ခဲ့သည်။

ဤပြင်းထန်သောမတော်တဆကြောင့် Kumaritashvili မိသားစု၏ အိုလံပစ်အိပ်မက်ဆုံးခန်းတိုင်ပြီဟု အားလုံးက ထင်မြင်ခဲ့ကြသည်။ သို့သော် လုဂ်(Luge)အားကစားအပေါ် Kumaritashvili မိသားစုမှာ ဆက်လက်နှစ်သက် လုပ်ဆောင်နေလျက်ရှိသည်။ သူတို့သည် လုဂ်(Luge)အားကစားနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုအားလုံးအတွင်း ပါဝင်ခဲ့သည်။ ပြိုင်ပွဲလမ်းကြောင်းအသစ်ဒီဇိုင်းရေးဆွဲခြင်းနှင့် အားကစားသမားများ၏ နေ့စဉ် လေ့ကျင့်ရေးလုပ်ဆောင်ချက်များ အပါအဝင် လုပ်ဆောင်ခဲ့သည်။ ပိုမိုများပြားသော လုဂ်(Luge)အားကစားသမား မွေးထုတ်ပေးရန်လည်း ကြိုးပမ်းခဲ့သည်။

Saba Kumaritashvili သည် အိုလံပစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းသည် တစ်ကမ္ဘာလုံးရှိ လုဂ်(Luge) အားကစားသမားများမှ Kumaritashvili မိသားစု၏ အိုလံပစ်အိပ်မက်သည် မပြီးဆုံးသေးသည်ကို တွေ့မြင်စေခဲ့ပါသည်။ ဝမ်းနည်းခြင်းမှ ပြန်လည်စတင်သည့် Kumaritashvili မိသားစု၏ အိုလံပစ်အိပ်မက်သည် ပေကျင်း၌ ဆက်လက်လုပ်ဆောင်သွားနိုင်ခဲ့ပါသည်။