ပေကျင်းမြို့ရှိ အသက်(၇၆)နှစ်အရွယ်လူကြီးတစ်ဦး၏ (၆၈)နှစ်ရေခဲပြင်ပေါ်ဘဝ

2022-02-17 16:20:29 |သတင်းအရင်းအမြစ် 央视网

ပေကျင်း ၂၀၂၂ ခုနှစ်ဆောင်းရာသီအိုလံပစ် ကျင်းပနေသည်နှင့်အတူ တရုတ်နိုင်ငံသည် လူဦးရေသန်း(၃၀၀)ကျော်က ဆင်းနှင်းနှင့်ရေခဲအားကစားလှုပ်ရှားမှုတွင်ပါဝင်သည့် မှတ်တိုင်စိုက်ထူခြင်း အောင်မြင်ခဲ့ပါသည်။ ယခုနှစ်တွင် အသက်(၇၆)နှစ်ရှိပြီဖြစ်သော တရုတ်အမျိုးသား ကျီခိုင်ဖုန်းသည် ‌ရေခဲပြင်စကိတ်စီးအားကစားကို နှစ်သက်သူတစ်ဦးဖြစ်သည်။ သူသည် ပေကျင်းနိုင်ငံတကာကုန်သွယ်မှုရေခဲပြင်စကိတ်ကွင်းတွင် ထူးခြားသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်စေခဲ့ပါသည်။ စကိတ်ကွင်းဖွင့်လှစ်သည်မှာ (၂၂)နှစ်ရှိခဲ့ပြီး သူသည်လည်း ဤနေရာတွင် (၂၂)နှစ်တာ ရေခဲပြင်စကိတ်စီးခဲ့သည်။ ဦးလေးကျီသည် စစ်တပ်ထဲဝင်ခဲ့ဖူးသလို ဓာတ်ပုံဆရာလည်းလုပ်ကိုင်ခဲ့ဖူးသည်။ သူသည် အသက်(၈)နှစ်ကတည်းက အမြန်စကိတ်စီးခြင်းကို လေ့ကျင့်ခဲ့ပါသည်။ စီချဟိုင်၊ ပေဟိုင်၊ ကျုံးရှန်းပန်းခြံစသည်နေရာများအားလုံးကို ရောက်ခဲ့ဖူးသည်။ ပြုပြင်ပြောင်းလဲ ဖွင့်လှစ်ပြီးသည့်နောက်ပိုင်း ပေကျင်းတွင် မိုးလုံလေလုံ ရေခဲပြင်စကိတ်ကွင်းရှိလာခဲ့သည်။ ကျီခိုင်ဖုန်းသည် နေ့ခင်းပိုင်းတွင် မည်မျှပင်ပန်းသည်ဖြစ်စေ ညအချိန်၌ စကိတ်စီး သွားလေ့ရှိပါသည်။ ထိုအချိန်က ကျီခိုင်ဖုန်းအတွက် ရေခဲပြင်စကိတ်စီးခြင်းသည် အပန်းဖြေရန်အတွက်သာ ဖြစ်ပါသည်။ ထိုအချိန်က စကိတ်အလှစီးမှာ သူ၏ ကျန်ရှိသောဘဝ၌ မှီခိုရာအထောက်အပံ့ဖြစ်လိမ့်မည်ဟု လုံးဝမထင်ခဲ့ပါ။ လွန်ခဲ့သော(၂)နှစ်က ကျီခိုင်ဖုန်း၏ဇနီး ကွယ်လွန်ခဲ့သည်။ “အိမ်မှာ ငါတစ်ယောက်ပဲ ကျန်တယ်။” ဟု သူကပြောသည်။ အချိန်သည် တရွေ့ရွေ့ကုန်ဆုံးသွားသော် ကျီခိုင်ဖုန်သည် လူဆိုတာတစ်နေ့သေဆုံးကြရမှာပဲ ဒါဟာသဘာဝပါပဲ။ စကိတ်စီးခြင်းသာလျှင် လက်ရှိသူ၏ဘဝတွင် တစ်ခုတည်းသောအရာ ဖြစ်လာပါတော့သည်။
(သတင်းအရင်းအမြစ်။ CCTV.com, ဘာသာပြန်၊ Yunnan gateway)