အရက်သေစာ ယူနန်အရက်ချို

2022-02-25 18:07:38 |သတင်းအရင်းအမြစ် 云南网

ယူနန်လူမျိုးတို့အတွက် ယူရှီးအရက်ချိုအေးအေးလေးတစ်ခွက်သည် ရင်ကိုအေးမြ သွားစေသည်။ အရက်ချို၏ အဓိကပါဝင်ပစ္စည်းသည် ကောက်ညှင်းဆန်ဖြစ်ပြီး အရသာမှာ ချိုမြိန်သည်။ ယူရှီးမြို့ ကျန်းချွမ်းခရိုင်ရှိ ရှီကျိဖိန်းဖွင့်သည့် အရက်ချိုဆိုင်သည် အလွန်နာမည်ကြီးပါသည်။

အရက်ချိုပြုလုပ်ခြင်းသည် ကြည့်ရသည်မှာရိုးရှင်း‌သော်လည်း အရသာကောင်းရန်အတွက် အလွန်စိတ်ရှည် ဂရုစိုက်ရပါသည်။ ရှီကျိဖိန်းသည် ရိုးရာမြေအိုးမီးဖိုနှင့် ထင်းမီးကိုသာ အမြဲအသုံးပြုပြီး ရေအဝစိမ်ထားသည့် ကောက်ညှင်းဆန်ကို ပေါင်းခံပြီးနောက် စားပွဲပေါ်လောင်းချကာ သင့်လျော်သော ပမာဏရှိသည့် ရေအေးကိုဖြန်းကာ စေးကပ်နေသောကောက်ညှင်းဆန်ကို လက်ဖြင့်အဆက်မပြတ် ဖြန့်ခင်းပေးသည်။

“အရက်ချိုကောင်းဖို့ ကစော်ဖောက်တဲ့ အချိန်အဆက အဓိက။”ဟုရှီကျိဖိန်းကပြောရင်း ကျွမ်းကျင်စွာ နယ်ထားတဲ့ ကောက်ညင်းဆန်ကို ဇလုံထဲထည့်လိုက်သည်။ ၎င်းကိုနောက်ခန်းရှိ ဘီရိုထဲသို့ ရွေ့လိုက်ပြီး ပလပ်စတစ်ထုပ်ဖြင့်ဖုံးကာ လေအေးစက်၏အပူချိန်ကို ချိန်ညှိပြီးနောက် တံခါးပိတ်လိုက်သည်။ အပူချိန်မည်မျှဖြင့် အုပ်ထားရန်လိုသလဲ။ (အုပ်ခြင်းဆိုသည်မှာ ကောက်ညှင်းဆန်ကို အလုံပိတ်ထားသည့် နေရာတစ်ခုတွင်ထားပြီး သဘာဝအချဉ်ပေါက်ခြင်း ဖြစ်သည်)။ အကောင်းဆုံးရရန် ရက်မည်မျှကြာအောင် အုပ်ထားရန်လိုသနည်း စသည့်မေးခွန်းများနှင့်အတူ ရှီကျိဖိန်းသည် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်သည့်ရလဒ်ကို ရရှိပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပါသည်။