ယူနန်ပြည်နယ်ရှိ Phayre’s langur မျောက်အုပ်စု၏ အရေအတွက်သည် တဖြည်းဖြည်း တိုးပွားလာ

2022-03-04 17:42:15 |သတင်းအရင်းအမြစ် 新华网

ဒေသတွင်း နေထိုင်သော Phayre’s langur မျောက်အုပ်စု၏ အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာကြောင်း ယူနန်ပြည်နယ် မန်စီမြို့ သစ်တောနှင့်မြက်ခင်းပြင်ညွှန်ကြားရေးဌာနမှ အစိုးရဝန်ထမ်းများ၏ ယခုရက်ပိုင်း စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် ရှာဖွေသိရှိခဲ့ခြင်းဖြစ်ပါသည်။

ကင်းလှည့်စောင့်ကြည့်သူများ၏ ရှယ်ကန်ကျေးရွာရှိ ရွှေကျင်တန်ယောင် မျောက်အုပ်စု စောင့်ကြည့်သော အချက်အလက်များအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အဆိုပါမျောက်အုပ်စုတွင် မျောက်ပေါက်စ ၈၅ ကောင်ခန့် တိုးလာကာ ၂၀၁၈ ခုနှစ်တွင် ၉၈ ကောင်ရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၁၈၃ ကောင်အထိ တိုးလာကြောင်း မန်စီမြို့ သစ်တောနှင့်မြက်ခင်းပြင် ညွှန်ကြားရေးဌာန တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင် ကာကွယ်ထိန်းသိမ်းရေးဌာန ဒုတိယဌာနမှူး ကျူံချန်ဝေက ပြောပါသည်။

ဒေသခံသဘာဝဂေဟဓာတ်ပုံဆရာ ကျိန့်ရှန်ဟော်က ယခုရက်ပိုင်းတွင် ဤနေရာ၌ မွေးကင်းစ Phayre’s langur မျောက်များစွာကို ရိုက်ကူးခဲ့ပါသည်။ ၎င်းမွေးကင်းစမျောက်များသည် မွေးဖွားစအချိန်တွင် ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ရွှေဝါရောင်ဖြစ်ပြီး အလွန်ချစ်စရာကောင်းလှပါသည်။ သူတို့အား “ရွှေမျောက်ကလေး”ဟု ချစ်ခင်ရင်းနှီးစွာ ခေါ်ဝေါ်ကြပါသည်။ မျောက်ပေါက်စများသည် ၃ လသားအရွယ်တွင် အမြီးနှင့် ဦးခေါင်းဆံပင်တို့၏အရောင်မှာ မီးခိုးရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပါသည်။

(အရင်းအမြစ်။ Xinhua၊ ဘာသာပြန်၊ Yunnan gateway)