မြန်မာနိုင်ငံမှ ဆိုက်ကားဆရာ ဦးအောင်ထွန်းသည် နေ့စဉ်ပန်းတစ်ပွင့်နှင့်အတူရှိနေ

2022-03-07 13:37:53 |သတင်းအရင်းအမြစ် 《吉祥》杂志

မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးစသည့် မြို့ပြရှိ လမ်းကြီးလမ်းငယ်များစွာ၌ သွားလာဖြတ်သန်းလျက် ရှိနေသည့် ဆိုက်ကားများကို နေရာအနှံ့ တွေ့မြင်နိုင်ပါသည်။ ကလေးများ ကျောင်းတက်ခြင်း၊ အမျိုးသမီးများ စျေးဝယ်သွားခြင်း၊ သက်ကြီးရွယ်အိုများ ဆရာဝန်သွားပြခြင်းစသည်တို့ဖြင့် လူတိုင်း၏ ဘဝတွင် ဆိုက်ကားနှင့် ခွဲမရသကဲ့သို့ပင် ဆိုက်ကားဆရာများသည်လည်း အသက်မွေးဝမ်းကျောင်းအတွက် ၎င်းကို အားကိုးကြရပါသည်။

အသက် ၄၀ နှစ်အရွယ် ဦးအောင်ထွန်းသည် အဆိုပါဆိုက်ကားဆရာများအနက် တစ်ဦး ဖြစ်ပါသည်။ နေ့စဥ် နေထွက်ချိန်တွင် သူသည် အိမ်တံခါးကနေ ဆိုက်ကားစီးပြီး တစ်နေ့တာဘဝကို စတင်လိုက်ပါသည်။ နေ့စဥ်နေ့တိုင်း စထွက်လာသည့်လမ်းခရီးတွင် သူသည် လမ်းနံဘေးရှိ ပန်းဆိုင်များကို အမြဲတမ်း ဂရုတစိုက် ကြည့်ရှုကာ အကြိုက်ဆုံးသော ပန်းတစ်ပွင့်အား လိုက်ရှာလေ့ရှိပါသည်။ “ကျွန်တော် အရောင်တောက်ပတဲ့ပန်းတွေ ကြိုက်ပါတယ်။ နှင်းဆီနီတွေ တွေ့ရင် ကျွန်တော် ဝယ်မယ်လေ။”

ဒင်းဒင်းဒင်း… ဦးအောင်ထွန်းသည် ဆိုက်ကားပေါ်ပန်းထိုးပြီးနောက် ခေါင်းလောင်းကို ကျယ်လောင်စွာ နှိပ်ရင်း သူ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို လှမ်းချီ၍ စတင်လိုက်ပါတော့သည်။ သူ၏ ဧည့်သည်များထဲတွင် မြန်မာစကား ကျွမ်းကျင်ပြီး ဒေသတွင် အလုပ်လုပ်ကိုင်သည့် တရုတ်လူငယ်တစ်ဦးမှာ သူအား အမှတ်တရ အရှိဆုံးဖြစ်စေခဲ့ပါသည်။ “ကျွန်တော့် ဆိုက်ကားကို စီးတိုင်းစီးတိုင်းမှာ ကျွန်တော်တို့နှစ်ယောက် စကားစမြည် ပြောလေ့ရှိပါတယ်”ဟု ဦးအောင်ထွန်းက ပြန်လည်တွေးမိရင်းနှင့် ပြောပါသည်။ “ဆိုက်ကားရှေ့မှာ နေ့တိုင်း ပန်းတစ်ပွင့် ဘာကြောင့် ပန်းထိုးထားသလဲ”ဟု တစ်ခေါက်တွင် အဆိုပါတရုတ်လူငယ်က သူအား မေးခွန်းတစ်ခု ထုတ်ခဲ့ပါသည်။

“ကျွန်တော်နဲ့ ဧည့်သည်တွေ ဘေးကင်းလုံခြုံစွာ ရှိပါစေ၊ ကိုယ်ရဲ့ စီးပွားရေးအဆင်ပြေပါစေ ဆိုတဲ့ မျှော်လင့်ချက်အတွက် ဆိုက်ကားရှေ့မှာ နေ့တိုင်း ပန်းတစ်ပွင့်ထိုးပြီး ဆုတောင်းတာပါ”ဟု ဦးအောင်ထွန်းက ဖြေဆိုခဲ့ပါသည်။ ၎င်းမှာ မြန်မာပြည်သူပြည်သားတို့၏ အစဥ်အလာ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံဖြစ်သကဲ့သို့ အားလုံးတို့သည် ဘတ်စကားများ၊ အငှားယာဉ်တက္ကစီများနှင့် ဆိုက်ကားများရှေ့တွင် ပန်းများထိုးလေ့ရှိပါသည်။ ပန်း၏မွှေးရနံ့တို့ ပျံ့နှံ့ခြင်းနှင့်အတူ မိမိတို့၏ မင်္ဂလာကျက်သရေနှင့်ပြည့်စုံသော ဆုမွန်ကောင်း တောင်းကြပါသည်။

“တစ်ခြားအာဆီယံနိုင်ငံတွေနဲ့ မတူဘဲ ကျွန်တော်တို့ ဆိုက်ကားတွေဟာ နက်ရှိုင်းတဲ့ မြန်မာ့ထူးခြားချက်တွေ ရှိပါတယ်”ဟု ဦးအောင်ထွန်းက သူ့ဆိုက်ကား၏ အနောက်ဘက်သို့ လျှောက်သွားလိုက်ပြီး လက်ညှိုးထိုးပြရင်းနှင့် ပြောပါသည်။ ဤပုံစံဖြင့် ဒီဇိုင်းဆွဲထားပါက ဆိုက်ကားတစ်စီးမှာ ဧည့်သည်နှစ်ဦး တင်ဆောင်နိုင်ကြောင်း၊ ဧည့်သည်တစ်ဦးက ဆိုက်ကားရှေ့တွင် ထိုင်ပြီး နောက်တစ်ဦးကမူ အဆိုပါဧည့်သည်၏ နောက်ကျောဘက်တွင် ထိုင်သည့်အတွက် ဆိုက်ကားမှောက်ခြင်းကို ထိရောက်စွာ တားဆီးပေးနိုင်ကြောင်း သူက ဆက်လက်ပြောပြပါသည်။

သူ့ဆိုက်ကားရှေ့ကို လှည့်ကြည့်လိုက်ရာ ဆိုက်ကားပေါ် ထိုးထားသည့်ပန်းသည် ဦးအောင်ထွန်း၏ ဘဝအတွက် စိတ်အားထက်သန်မှုနှင့် သာယာလှပသောဆုမွန်ကောင်းများကို ဖော်ပြသကဲ့သို့ပင် ဖြစ်ပေသည်။